ဂါလာတာစာရေးအသင်းတိုက်စစ်မှူး အိုဆင်ဟမ်ဟာ ပေါင်ကြွက်သား ဒဏ်ရာကြောင့် ၆ ပတ်ခန့်အနားယူရ တော့မှာဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။
နိုင်ဂျီးရီးယားတိုက်စစ်မှူး အိုဆင်ဟမ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ လဆန်းပိုင်းကမှ အီတလီကလပ် နာပိုလီအသင်းဆီကနေ ဂါလာတာစာရေးအသင်းကို တစ်ရာသီအငှားနဲ့ ရောက်လာခဲ့တာဖြစ်ပါတယ်။
အခုတစ်ပတ်ကစားခဲ့တဲ့ ကာဆင်ပါဆာအသင်းနဲ့ပွဲမှာ အိုဆင်ဟမ်ဟာ အသင်းသစ် အတွက် ပထမဆုံးသွင်းဂိုးကို ရခဲ့ပေမယ့် ဒဏ်ရာရခဲ့လို့ ပထမပိုင်းအပြီးမှာ လူးစားလဲလိုက်ရတာဖြစ်ပါတယ်။

အဲဒီနောက် ဒဏ်ရာကို အသေးစိတ် စစ်ဆေးချက်တွေအရ အိုဆင်ဟမ်ဟာ ဘယ်ဘက်ပေါင် ကြွက်သားဒဏ်ရာရသွား ခဲ့တာဖြစ်ပြီး ၆ ပတ်လောက်အနားယူရဖွယ်ရှိနေတာ ဖြစ်ပါတယ်။
အိုဆင်ဟမ်ဟာ နာပိုလီအသင်းမှာရှိစဉ် ကတည်းက ဒဏ်ရာပြဿနာတွေ မကြာခဏရတတ်တဲ့ မှတ်တမ်းဆိုးကို ရရှိထားပြီး ပခုံးဒဏ်ရာ၊ မျက်နှာဒဏ်ရာ အပြင် အသေးစား ကြွက်သားထိခိုက်မှုဒဏ်ရာတွေ ရရှိထားခဲ့တယ်လို့ သိရပါတယ်။
ဂါလာတာစာရေးရဲ့ ထုတ်ပြန်ချက်မှာတော့ အိုဆင်ဟမ်ရဲ့ ဒဏ်ရာပြဿနာအတွက် စိတ်မကောင်းဖြစ်ရသလို အမြန်ဆုံးသက်သာပြီး ပြန်ကစားနိုင်ဖို့ ကူညီပေးသွားမယ်လို့ ပြောထားပါတယ်။