မန်ယူအသင်းကို အခုအပြောင်းအရွှေ့မှာမှ လိုင်လီအသင်းကနေ ရောက်လာခဲ့တဲ့ ယိုရိုဟာ ဒဏ်ရာပြဿနာ ကြောင့် (၃)လခန့် အနားယူရဖွယ်ရှိတယ်လို့ သတင်းတွေက ဖော်ပြလာခဲ့ပါတယ်။
မန်ယူအသင်းနောက်ခံလူသစ် ယိုရိုဟာ အာဆင်နယ်အသင်းနဲ့ကစားခဲ့တဲ့ ခြေစမ်းပွဲစဉ်မှာ ဒဏ်ရာရခဲ့တာကြောင့် ပထမပိုင်းမှာတင် လူစားလဲ ခံခဲ့ရတာပါ။

အခုအချိန်မှာတော့ ယိုရိုရဲ့ဒဏ်ရာအခြေအနေက အနည်းငယ်ပြင်းထန်တာကြောင့် (၃)လခန့် အနားယူရဖွယ်ရှိတယ်လို့ ဘက်တစ်အသင်းကို အနိုင်ရခဲ့တဲ့ ခြေစမ်းပွဲအပြီးမှာ သတင်းတွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။
အသက်(၁၈)နှစ်အရွယ်သာရှိသေးတဲ့ ယိုရိုဟာ အခုအပြောင်းအရွှေ့မှာမှ လိုင်လီအသင်းကနေ မန်ယူအသင်းကို ပြောင်းရွှေ့ကြေး ပေါင်(၅၂)သန်းနဲ့ ရောက်လာခဲ့တာဖြစ်သလို မန်ယူအသင်းရဲ့ခြေစမ်းပွဲစဉ် တွေမှာ ခြေစွမ်းပြ ကစားနိုင်ခဲ့တာကို တွေ့ခဲ့ရပါတယ်။ ယိုရိုအပြင် အာဆင်နယ်အသင်းနဲ့ပွဲစဉ်မှာ ဒဏ်ရာရခဲ့တဲ့ ဟွိုက်လန်းကလည်း (၃)ပတ်ခန့် အနားယူရဖွယ် ရှိတယ်လို့ သတင်းတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။