ဇွန်လ(၁၈)ရက်နေ့က ကစားခဲ့တဲ့ တူကီယဲအသင်းနဲ့ ဂျော်ဂျီယာအသင်းတို့ရဲ့ ပွဲစဉ်မစတင်ခင်မှာ ပွဲကြည့်စင်ကြား နှစ်ဖက်အသင်းရဲ့ ပရိသတ်တွေ ခိုက်ရန်ဖြစ်ပွားခဲ့ကြပါတယ်။
တူကီယဲအသင်းနဲ့ ဂျော်ဂျီယာပရိသတ်တွေဟာ ပွဲမစခင်မှာတင် အချင်းများခဲ့ကြတာဖြစ်ပြီး ဒီအဖြစ်အပျက်မှာ နှစ်ဖက်အသင်းရဲ့ ပရိသတ်ပေါင်း(၄၀)လောက် ခိုက်ရန်ဖြစ်ပွားခဲ့ကြတာပါ။
ဂျာမနီရဲတပ်ဖွဲ့ဝင်တွေက ရန်ဖြစ်နေကြတဲ့ ပရိသတ်တွေကြား ဝင်ရောက်တားဆီးခဲ့ ပြီး တင်းမာနေတဲ့အခြေအနေကို ငြိမ်သက်အောင် အကောင်းဆုံး ကိုင်တွယ်နိုင်ခဲ့ကြပါတယ်။

ဂျာမနီနိုင်ငံမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် ပြိုင်ပွဲကျင်းပရာနေရာဖြစ်တဲ့ ဒေါ့မွန်အသင်းရဲ့ အိမ်ကွင်းမှာ အမိုးကနေ ရေလျှံတာတွေဖြစ်ခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။
တူကီယဲအသင်းနဲ့ ဂျော်ဂျီယာအသင်းတို့ဟာ ပွဲချိန်အတွင်း အကြိတ်အနယ် ကစားခဲ့ကြပြီး တူကီယဲအသင်းက (၃)ဂိုး၊ (၁)ဂိုးနဲ့ ပွဲအပြီးမှာ အနိုင်ရခဲ့ပါတယ်။