ဆွီဒင် တုတ်ထောက်ခုန် ကစားသမား ဒူပလန်တစ်ဟာ ပိုလန်နိုင်ငံမှာ ကျင်းပနေတဲ့ ဒိုင်းမွန်းလိဂ်ပွဲစဉ်မှာ သူတင်ထားခဲ့တဲ့ ကမ္ဘာ့စံချိန်ဟောင်းကို ချိုးဖျက်ပြီး ကမ္ဘာ့စံချိန်သစ်ကို တင်နိုင်ခဲ့ပါတယ်။
ဩဂုတ်လ ၂၅ ရက် နေ့က ယှဉ်ပြိုင်ခဲ့တဲ့ ဒိုင်းမွန်းလိဂ်ပွဲစဉ်မှာ ဒူပလန်တစ်ဟာ ၆ ဒသမ ၂၆ မီတာအထိ ခုန်နိုင်ခဲ့ပြီး စံချိန်ဟောင်း ဖြစ်တဲ့ ၆ ဒသမ ၂၅ မီတာကို ချိုးဖျက်နိုင်ခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ပဲရစ်အိုလံပစ်ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆု ရယူနိုင် ခဲ့တဲ့ ဒူပလန်တစ်အတွက်တော့ တုတ်ထောက်ခုန် ကမ္ဘာ့စံချိန်သစ်ကို ၁၀ ကြိမ်မြောက် တင်နိုင်ခဲ့တာဖြစ်သလို အခု ၂၀၂၄ ခုနှစ်အတွင်းမှာ ကမ္ဘာ့စံချိန်သစ်ကို ၃ ကြိမ်မြောက် တင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

အသက် ၂၄ နှစ် အရွယ် ဒူပလန်တစ်ဟာ ပြီးခဲ့တဲ့ ပဲရစ်အိုလံပစ်ပြိုင်ပွဲမှာ ပရိသတ်တွေကို အံ့အားသင့်စေခဲ့သလို အခုပြိုင်ပွဲမှာ လည်း ကမ္ဘာ့စံချိန်သစ်နဲ့အတူ နောက်ထပ် အံ့အားသင့်စေခဲ့တာ ဖြစ်ပါတယ်။
အခုလိုမျိုး ကမ္ဘာ့စံချိန်သစ်တွေကို တင်ထားနိုင်ခဲ့ပေမယ့် ဒူပလန်တစ်ကတော့ လာမယ့်ပွဲတွေမှာ အခုထက်ပိုကောင်းတဲ့စွမ်းဆောင်မှုမျိုး ပြသနိုင်ဖို့ ကြိုးစားသွားမယ်လို့ ပြောထားပါတယ်။