ဆလိုဗေးနီးယား စက်ဘီးစီးသမား ပိုဂါကာဟာ ကစားသမားဘဝ တတိယမြောက် တိုးချန်ပီယံဆုအဖြစ် ဇူလိုင် ၂၁ ရက်က တိုးဒီဖရန့်ချန်ပီယံဆုကို ရယူနိုင်ခဲ့ပါတယ်။
ဇူလိုင် ၂၁ ရက်က ယှဉ်ပြိုင်ခဲ့တဲ့ တိုးဒီဖရန့် ပြိုင်ပွဲ အဆင့် ၂၁ မှာ ပြိုင်ပွဲဝင်တွေဟာ ၃၃ ဒသမ ၇ ကီလိုမီတာခရီးကို တစ်ဦးချင်းစံချိန်ပြု ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး ပိုဂါကာက ၄၅ မိနစ် ၂၄ စက္ကန့်ဆိုတဲ့ စံချိန်နဲ့ အနိုင်ရသွားခဲ့တာဖြစ်ပါတယ်။
ပိုဂါကာအတွက်တော့ အခုနှစ် တိုးဒီဖရန့်ပြိုင်ပွဲ အဆင့်တစ်ခုကို ၆ ကြိမ်မြောက် အနိုင်ရတာလည်းဖြစ်ပါတယ်။
ဒုတိယနေရာမှာ ဒိန်းမတ် နိုင်ငံသား ဗင်ဂီဂတ်က ၁ မိနစ် ၃ စက္ကန့်အကွာနဲ့ ရပ်တည်ခဲ့သလို ဘယ်လ်ဂျီယံနိုင်ငံသား ဗီနီပိုအယ်က ၁ မိနစ် ၁၄ စက္ကန့်အကွာနဲ့ ရပ်တည်ခဲ့ပါတယ်။
ဒါကြောင့်လည်း အဆင့် ၂၁ ဆင့်အပြီး ချန်ပီယံဆုအတွက် ရပ်တည်မှုမှာ ပြိုင်ပွဲ တောက် လျှောက်ဦးဆောင်လာခဲ့တဲ့ ပိုဂါကာကပဲ ဒုတိယနေရာက ဗင်ဂီဂတ်ကို ၆ မိနစ် ၁၇ စက္ကန့်အသာနဲ့ ချန်ပီယံဆုရဖို့ သေချာသွားခဲ့ပါတယ်။
ပိုဂါကာအနေနဲ့ အခုနှစ်မှာ ဂီရိုဒီအီတာလီယာ ချန်ပီယံဆုကိုလည်း ရရှိထားခဲ့တာကြောင့် ၁၉၉၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ဂီရိုဒီအီတာလီယာနဲ့ တိုးဒီဖရန့် ချန်ပီယံဆု ၂ခုကို တစ်နှစ်တည်းမှာ ရရှိသူအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။