အဲဗာတန်အသင်းဟာ မာဆေးလ်အသင်းဆီကနေ ပေါင် ၁၅ သန်းနဲ့ ခေါ်ယူထားတဲ့ နိုင်ဂျီးရီးယားတိုက်စစ်မှူး အန်ဒိုင်ယီကို ဇူလိုင်လ ၃ ရက်နေ့က မိတ်ဆက်လိုက်ပါတယ်။
အသက် ၂၄ နှစ်အရွယ် အန်ဒိုင်ယီဟာ ပြီးခဲ့တဲ့ ရာသီက ရှက်ဖီးယူနိုက်တက်အသင်းကနေ မာဆေးလ်အသင်းကို ပေါင် သန်း ၂၀ နဲ့ပြောင်းရွှေ့ခဲ့ပြီးနောက် မာဆေးလ်အသင်းအတွက် ၄၆ ပွဲ ကစားပေးခဲ့တာဖြစ်ပါတယ်။
အဲဗာတန်အသင်းနဲ့ ပရီးမီးယားလိဂ်မှာ ရင်ဆိုင် ရမယ့် စိန်ခေါ်မှုတွေအတွက် စိတ်လှုပ်ရှားမိသလို အကောင်းဆုံးကြိုးစားသွားမယ်လို့ တိုက်စစ်မှူးသစ် အန်ဒိုင်ယီ က ပြောသွားခဲ့ပါတယ်။
မာဆေးလ်အသင်းအတွက် ၄ ဂိုးသာသွင်းယူနိုင်ခဲ့ပေမယ့် မာဆေးလ်အသင်းကို မရောက် ခင် ရှက်ဖီးယူနိုက်တက်အသင်းမှာ ခြေစွမ်းပြခဲ့ဖူးတာဖြစ်လို့ အင်္ဂလန်မြေက သူ့အတွက် အဆင်ပြေလိမ့်မယ်လို့ အန်ဒိုင်ယီက ယုံကြည်နေတာပါ။
အန်ဒိုင်ယီဟာ အခုနွေရာသီမှာ အဲဗာတန်အသင်းက ခေါ်ယူတဲ့ တတိယမြောက် ကစားသမားလည်းဖြစ်ခဲ့ပြီး နည်းပြ ရှောင်ဒိုက်ချ်ကတော့ ပြီးခဲ့တဲ့ရာသီက အးနည်းတဲ့နေရာတွေကို အဓိကထား အားဖြည့်သွားမယ်လို့ ပြောထားပါတယ်။