ဥရုဂွေးတိုက်စစ်မှူး ဆွာရက်ဇ်နဲ့ အင်တာမိုင်ယာမီအသင်းတို့ ၁ နှစ်စာချုပ်သစ် ချုပ်ဆိုလိုက်တာကြောင့် ဆွာရက်ဇ် အနေနဲ့ အင်တာမိုင်ယာမီအသင်းမှာ ၂၀၂၅ နှစ်ကုန်အထိ ရှိနေတော့မှာ ဖြစ်ပါတယ်။ အသက် ၃၇ နှစ်အရွယ် ဆွာရက်ဇ်ဟာ ၂၀၂၃ ဒီဇင်ဘာမှာ အင်တာမိုင်ယာမီအသင်းကို ရောက်ရှိလာခဲ့တာဖြစ်ပြီး စာချုပ်သစ်ကြောင့် မက်ဆီ၊ ဘက်စ်ကွက်စ်၊ အယ်လ်ဘာတို့နဲ့ ဆက်ပြီးလက်တွဲကစားခွင့်ရမှာဖြစ်ပါတယ်။
ဆွာရက်ဇ်ဟာ ၂၀၂၄ ခုနှစ်အတွင်း ပြိုင်ပွဲစုံသွင်းဂိုး ၂၅ ဂိုးအထိ သွင်းယူပေးခဲ့ပြီး အင်တာမိုင်ယာမီအသင်းကို ပထမဆုံးအကြိမ် Supporters’ Shield ရရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။ ဆွာရက်ဇ်ရဲ့ အင်တာမိုင်ယာမီ အသင်းဟာ ၂၀၂၄ မေဂျာလိဂ် ရာသီမှာလည်း အသင်းသမိုင်းတစ်လျှောက် စံချိန်တင်ရမှတ် ၇၄ မှတ်နဲ့ အရှေ့ ပိုင်းကွန်းဖရင့်စ်မှာ ထိပ်ဆုံးက ရပ်တည်နိုင်ခဲ့တာပါ။ ဒါပေမဲ့ မေဂျာလိဂ် ပလေးအော့ဖ် ပထမအဆင့်မှာ အတ္တ လန္တာ ယူနိုက်တက် အသင်းကို ရှုံးနိမ့်ခဲ့ပြီး ထွက်ခဲ့ရပါတယ်။
အင်တာမိုင်ယာမီအသင်းဟာ နည်းပြသစ်အဖြစ် အာဂျင်တီးနားလူမျိုး မာရှေယာနိုကို ခန့်အပ်ပြီး တစ်ရက် အကြာ မှာပဲ ဆွာရက်ဇ်ရဲ့ စာချုပ်သစ်သတင်းကို ထုတ်ပြန်ခဲ့တာပါ။ အင်တာမိုင်ယာမီအသင်းနဲ့ နောက်ထပ်တစ်နှစ် ဖြတ် သန်းခွင့်ရတော့မယ့်အတွက် စိတ်လှုပ်ရှားပျော်ရွှင်မိသလို ပရိသတ်တွေနဲ့လည်း မိသားစုဝင်တွေလို ဖြစ်နေပါပြီလို့ စာချုပ်သစ်ချုပ်ဆိုအပြီးမှာ ဆွာရက်ဇ်က ပြောသွားခဲ့ပါတယ်။