၂၀၂၄ ပဲရစ်အိုလံပစ် အမျိုးသမီးတစ်ဦးချင်း တင်းနစ် ရွှေတံဆိပ်ဆုရှင် တရုတ်တင်းနစ်မယ် ကျန်ကွင်းဝမ်ဟာ စက်တင်ဘာ လကုန်ပိုင်းမှာ စတင်မယ့် တရုတ်အိုးပင်း တင်းနစ်ပြိုင်ပွဲအတွက် လေ့ကျင့်မှုတွေကို စက်တင်ဘာ ၁၁ ရက်နေ့က စတင်ပြုလုပ်ခဲ့ပါတယ်။
တရုတ်နိုင်ငံ ပေကျင်းမြို့က တရုတ်အမျိုးသားတင်းနစ်စင်တာမှာ ကျန်ကွင်းဝမ်ရဲ့ လေ့ကျင့်မှုတွေကို စတင်ခဲ့တာဖြစ်ပြီး တရုတ်အိုးပင်းပြိုင်ပွဲဟာ ကျန်ကွင်းဝမ်အတွက် အခုနှစ် အတွင်း တရုတ်နိုင်ငံမှာ ယှဉ်ပြိုင်တဲ့ ပထမဆုံး ပွဲစဉ်ဖြစ်လာမှာပါ။
၁၅ မိနစ်ခန့် သွေးပူလေ့ကျင့်ခန်းတွေ ပြုလုပ်ပြီး နောက်မှာ ကျန်ကွင်းဝမ်ဟာ နည်းပြဖြစ်သူ ရီဘာ သင်ကြားပြသတဲ့ နည်းစနစ်တွေနဲ့ လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
၂၀၂၄ တရုတ်အိုးပင်းပြိုင်ပွဲရဲ့ အမျိုးသမီးတစ်ဦးချင်းပွဲစဉ်ကို စက်တင်ဘာ ၂၅ ရက်မှာ စတင်မှာ ဖြစ်ပြီး ကျန်ကွင်းဝမ်ကတော့ စက်တင်ဘာ ၂၇ ရက်မှာ ပွဲစဉ်ကို စတင်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
အသက် ၂၁ နှစ်အရွယ် ကျန်ကွင်းဝမ်ဟာ WTA တိုးချန်ပီယံဆုကို ၃ ကြိမ်ရရှိထားပြီး လက်ရှိကမ္ဘာ့အဆင့်-၇ နေရာမှာရပ်တည် နေတာဖြစ်ပါတယ်။