ပဲရစ်အိုလံပစ် အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲ ကွာတားဖိုင်နယ်ကနေ ထွက်ခဲ့ရပြီးနောက် တင်းနစ်အားကစား ကနေ အနားယူတော့မယ်လို့ ဗြိတိန်တင်းနစ်သမား အင်ဒီမာရေးက အတည်ပြုသွားခဲ့ပါတယ်။
အိုလံပစ် တစ်ဦးချင်း တင်းနစ်ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆု ၂ ကြိမ်ရယူထားနိုင်ခဲ့တဲ့ မာရေးဟာ အခုကျင်းပနေတဲ့ ပဲရစ်အိုလံပစ် အမျိုးသားနှစ်ယောက်တွဲ တင်းနစ်ပြိုင်ပွဲမှာ ဒန်အီဗန်နဲ့အတူ ယှဉ်ပြိုင်နေတာဖြစ်ပြီး ကွာတားဖိုင်နယ်မှာ ရှုံးနိမ့်ခဲ့ပြီးနောက် ပြိုင်ပွဲကနေ ထွက်လိုက်ရတာဖြစ်ပါတယ်။
အသက် ၃၇ နှစ်အရွယ် မာရေးက အခုအိုလံပစ်ပြိုင်ပွဲက သူ့ရဲ့ကစားသမားဘဝ နောက်ဆုံးပြိုင်ပွဲဖြစ်တယ်လို့ အိုလံပစ်မစခင်ကတည်းက ပြောကြားထားခဲ့တာဖြစ်ပါတယ်။
![](https://onenewstvchannel.com/wp-content/uploads/2024/08/Andy-Murray1-1024x762.jpg)
တင်းနစ်အားကစားနဲ့အတူ ရယူခဲ့တဲ့အောင်မြင်မှုတွေအတွက် ကစားသမားဘဝက ဂုဏ်ယူစရာကောင်းခဲ့တယ်လို့ အင်ဒီမာရေးက ကြေညာချက်မှာ ရေးသားထားပါတယ်။
အင်ဒီမာရေးဟာ တင်းနစ်ကစားသမားဘဝမှာ ယူအက်စ် အိုးပင်း ချန်ပီယံဆု ၁ ကြိမ်နဲ့ ဝင်ဘယ်ဒန်ချန်ပီယံဆုကို ၂ ကြိမ်ရရှိထားခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ကစားသမားဘဝကနေ အနားယူဖို့အတွက် အဆင်သင့်ဖြစ်နေပြီလို့လည်း အင်ဒီမာရေးက ပြောကြားထားပါတယ်။