ပရီးမီးယားလိဂ်ကလပ် မန်ယူအသင်းဟာ ဘိုလော့နာအသင်းရဲ့ နယ်သာလန်တိုက်စစ်မှူး ဇက်ဇီးကို ခေါ်ယူဖို့ အတွက် သဘောတူညီမှုရခဲ့ပြီလို့ ဇူလိုင်လ(၁၁)ရက်နေ့က ထွက်ပေါ်လာခဲ့တဲ့ သတင်းတွေအရ သိရပါတယ်။
မန်ယူအသင်းဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက တိုက်စစ်ပိုင်းပြဿနာ ကြုံတွေ့ခဲ့ရတာကြောင့် တိုက်စစ်မှူးသစ် တစ်ယောက်ကို ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ဘိုလော့နာအသင်းမှာ ခြေစွမ်းပြနေတဲ့ ဇက်ဇီးကို ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့တာပါ။
မန်ယူအသင်းဟာ ဇက်ဇီးကိုခေါ်ယူဖို့အတွက် ဘိုလော့နာအသင်းကို ပြောင်းရွှေ့ကြေး ပေါင်(၃၃ ဒသမ ၇)သန်းပေးချေရမှာဖြစ်ပြီး (၅)နှစ်စာချုပ် ချုပ်ဆိုသွားမှာဖြစ်တယ်လို့လည်း သတင်းတွေက ဖော်ပြနေကြ ပါတယ်။
မန်ယူအသင်းနဲ့ သဘောတူညီမှုရခဲ့တဲ့ ဇက်ဇီးဟာ ပြီးခဲ့တဲ့ရာသီက ဘိုလော့နာအသင်းအတွက် ပြိုင်ပွဲစုံ (၃၇)ပွဲမှာ (၁၂)ဂိုး သွင်းယူကာ (၆)ဂိုး ဖန်တီးနိုင်ခဲ့ပါတယ်။