ဘရာဇီးတိုက်စစ်မှူး နေမာက ဘာစီလိုနာအသင်းတိုက်စစ်မှာ အတွဲညီခဲ့ဖူးတဲ့ ဆွာရက်ဇ်၊မက်ဆီတို့နဲ့ မေဂျာလိဂ် ကလပ် အင်တာမိုင်ယာမီအသင်းမှာ ပြန်ပေါင်းဖွယ်ရှိတယ်လို့ ပြောကြားလိုက်ပါတယ်။ အသက် ၃၂ နှစ်အရွယ် နေမာဟာ လက်ရှိမှာ ဆော်ဒီကလပ် အယ်ဟီလယ်အသင်းမှာ ကစားနေတာဖြစ်ပြီး အယ်ဟီလယ်အသင်းနဲ့ စာချုပ်က လာမယ့်ဇွန်လဆိုရင် ပြည့်မှာဖြစ်ပါတယ်။

ဆွာရက်ဇ်၊မက်ဆီတို့နဲ့ ပြန်ပြီးတော့ တွဲကစားခွင့်ရခဲ့ရင် အရမ်းကို စိတ်လှုပ်ရှားစရာကောင်းမှာဖြစ်တယ်လို့ နေမာက အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့တာပါ။ ဘာစီလိုနာ အသင်းမှာ နာမည်ကျော်ခဲ့တဲ့ MSN တိုက်စစ်အတွဲကို ပြန်အသက်သွင်းချင်တယ်လို့ ပြောခဲ့တဲ့နေမာက လက်ရှိ ဆော်ဒီကလပ် အယ်ဟီလယ်မှာ ပျော်ရွှင်နေပေမဲ့ ဘောလုံးလောကမှာက အနာဂတ်ကို ဘယ်သူမှ ကြိုမသိနိုင်ပါ ဘူးလို့ ပြောသွားခဲ့ပါတယ်။

၂၀၂၃ မှာ ပီအက်စ်ဂျီအသင်းကနေ ယူရို သန်း ၉၀ နဲ့ အယ်ဟီလယ်အသင်းကို ပြောင်းရွှေ့လာခဲ့တဲ့ နေမာဟာ ဆော်ဒီမှာ ဒဏ်ရာပြဿနာနဲ့ ရုန်းကန်နေရပြီး လက်ရှိအချိန်အထိ အယ်ဟီလယ် အသင်းအတွက် ၇ ပွဲသာ ကစားပေးထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ဘရာဇီးလက်ရွေးစင်အသင်းအတွက် ၇၉ ဂိုးသွင်းယူပြီး အသင်းသမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးကစားသမား နေမာကတော့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ သူ့အတွက် လက်ရွေးစင်ကစားသမားဘဝ နောက်ဆုံးပြိုင်ပွဲ ဖြစ်နိုင် တယ်လို့လည်း ဖွင့်ဟသွားခဲ့ပါတယ်။