စနေညက ကော်နာဘန်းကို အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ ဆေးရုံကိုသွားရောက်ပြီး လိုအပ်တဲ့ဆေးစစ်မှုတွေ ပြုလုပ်ခဲ့ ရတဲ့ ယူဘန့်ခ်ဂျူနီယာဟာ ဧပြီလ ၂၈ ရက်မှာ ဆေးရုံကနေ ပြန်ဆင်းလာခဲ့ပြီလို့ သိရပါတယ်။ ၁၂ ချီအပြည့် ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်အပြီးမှာ နှစ်ဖက်ကစားသမားတွေဟာ ထိခိုက်မှုတွေ များခဲ့ပြီး လက်ဝှေ့ပွဲတစ်ပွဲအပြီး လုပ် ဆောင်ရတဲ့ လုပ်ထုံးလုပ်နည်း တစ်စိတ်တစ်ပိုင်းအဖြစ် ယူဘန့်ခ်ဂျူနီယာကို ဆေးရုံမှာ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ တာ ဖြစ်ပါတယ်။

အသက် ၃၅ နှစ်အရွယ် ယူဘန့်ခ်ဂျူနီယာဟာ ဆေးရုံက ဆင်းလာပြီးနောက် နေအိမ်မှာ အနား နေပါတယ်လို့ ပွဲစီစဉ်သူ အက်ဒီဟန်းက ပြောပါတယ်။ လန်ဒန်မြို့က တော်တင်ဟမ် ဟော့စပါး အားကစားကွင်း ကြီးထဲမှာ ထိုးသတ်ခဲ့တဲ့ မစ်ဒယ်ဝိတ်တန်းပွဲမှာ ယူဘန့်ခ်ဂျူနီယာက ကော်နာဘန်းကို အမှတ်နဲ့အနိုင်ရခဲ့တာဖြစ် ပြီး ၃ နှစ်ကြာလောက် စောင့်ဆိုင်းလာခဲ့တဲ့ အလုပ်တစ်ခုကို အဆုံးသတ်နိုင်ခဲ့တာဖြစ်တယ်လို့ ယူဘန့်ခ်ဂျူနီယာက ပွဲအပြီးမှာ ပြောသွားခဲ့ပါတယ်။ အခုပွဲက သူ့ရဲ့ကစားသမား ဘဝတစ်လျှောက်ထိုးသတ်ခဲ့တဲ့ အကောင်းဆုံးပွဲ တစ်ပွဲ ဖြစ်တယ်လို့လည်း ယူဘန့်ခ်ဂျူနီယာက ပြောခဲ့ပါတယ်။ ယူဘန့်ခ်ဂျူနီယာဟာ ကစားသမားဘဝ ၃၈ ပွဲ ထိုးသတ် ခဲ့ရာမှာ ၃၅ ပွဲအထိ အနိုင်ရခဲ့ပြီး ၃ ပွဲရှုံးမှတ်တမ်းကို ရရှိထားသူ ဖြစ်ပါတယ်။