ဩဂုတ်လ(၂၈)ရက်နေ့က ကစားခဲ့တဲ့ အယ်ဖေဟာအသင်းနဲ့ ဆော်ဒီပရိုလိဂ်ပွဲစဉ်မှာ အယ်နာဆာအသင်းက ဂိုးပြတ်အနိုင်ရခဲ့ပြီး အခုဘောလုံးရာသီ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ ပထမဆုံးနိုင်ပွဲရခဲ့ပါတယ်။
အယ်နာဆာအသင်း ဟာ ဆော်ဒီပရိုလိဂ်အဖွင့်ပွဲစဉ်မှာ သရေကျခဲ့တာကြောင့် အခုပွဲစဉ်မှာအနိုင်ရဖို့အတွက် သေချာပြင်ဆင်လာခဲ့ပြီး (၄)ဂိုး၊ (၁)ဂိုးနဲ့ ဂိုးပြတ်အနိုင်ရခဲ့တာပါ။
အခုပွဲစဉ်မှာ ရော်နယ်ဒိုအပါအဝင် အသင်းရဲ့ အဓိကကစားသမားတွေကို အသုံးပြုခဲ့တဲ့ အယ်နာဆာအသင်းဟာ အယ်ဖေဟာအသင်းကို တစ်ပွဲလုံး ဖိအားပေးကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။

အယ်နာဆာအသင်းအတွက် ဂိုးတွေကို တာလစ္စကာက (၂)ဂိုး၊ ရော်နယ်ဒိုနဲ့ ဘရိုဇိုဗစ်တို့က (၁)ဂိုးစီသွင်းယူပေးခဲ့ ကြတာဖြစ်ပါတယ်။ အယ်ဖေဟာအသင်းအတွက် တစ်လုံးတည်းသောချေပဂိုးကို ပွဲချိန်(၈၇)မိနစ်မှာ ဆာကလာက သွင်းယူခဲ့တာကြောင့် (၄)ဂိုး၊(၁)ဂိုးနဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။
အယ်နာဆာအသင်းဟာ အခုပွဲစဉ်မှာ အနိုင်ရခဲ့တာ ကြောင့် ဆော်ဒီပရိုလိဂ်ပွဲစဉ်-၂ အစောပိုင်းပွဲတွေအပြီးမှာ ရမှတ်(၄)မှတ်နဲ့အတူ အဆင့်(၂)နေရာမှာ ရပ်တည်နေ ပါတယ်။