ပဲရစ်အိုလံပစ်ပြိုင်ပွဲမှာ ဆုတံဆိပ် ၅ ခုရရှိခဲ့တဲ့ ဆားဘီးယားအိုလံပစ်အသင်းရဲ့ ဂုဏ်ပြုပွဲကို ဩဂုတ်လ ၁၂ ရက် နေ့က ဘဲလ်ဂရိတ်မြို့တော်ခန်းမမှာ ကျင်းပခဲ့ပါတယ်။
ပဲရစ်အိုလံပစ်ပြိုင်ပွဲမှာ ဆားဘီးယားတင်းနစ်သမား ဂျိုကိုဗစ်က အမျိုးသားတစ်ဦးချင်းပြိုင်ပွဲမှာ ရွှေတံဆိပ်ဆု ရယူပေးနိုင်ခဲ့ပြီး ဂရင်းစလမ်ပြိုင်ပွဲ ၄ ခု ချန်ပီယံနဲ့ အိုလံပစ် တစ်ဦးချင်း ချန်ပီယံဆုတွေကို ရယူနိုင်ခဲ့တဲ့ ၅ ယောက်မြောက် ကစားသမားဖြစ်လာခဲ့တာပါ။
ဒါ့အပြင် ဂျိုကစ် ဦးဆောင်တဲ့ ဆားဘီးယားအမျိုးသား ဘတ်စကက်ဘောအသင်းကလည်း ပဲရစ်အိုလံပစ်ပြိုင်ပွဲမှာ တတိယ ကြေးတံဆိပ်ဆု ရယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ဆားဘီးယားအသင်းက အိုလံပစ်ရွှေတံဆိပ်ရသွားတဲ့ အမေရိကန် အသင်းနဲ့ ဆီမီးဖိုင်နယ်မှာ ဆုံတွေ့ခဲ့တာဖြစ်ပြီး အကောင်းဆုံး ယှဉ်ကစားနိုင်ခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ဆားဘီးယားအိုလံပစ်အသင်းဟာ အမျိုးသား ဝါတာပိုလိုနဲ့ ၁၀ မီတာ လေသေနတ်ပစ်ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုတွေ ရခဲ့ပြီး အမျိုးသမီး တိုက်ကွမ်ဒိုအားကစားမှာတော့ ငွေတံဆိပ်ဆု ရရှိခဲ့တာဖြစ်ပါတယ်။
အောင်ပွဲရ ဆားဘီးယား ကစားသမားတွေကို ပရိသတ်များစွာ လာရောက်အားပေးဂုဏ်ပြုခဲ့ကြသလို တင်းနစ်သမား ဂျိုကိုဗစ်က ပရိသတ် တွေကို ကျေးဇူးတင်စကား ပြောကြားသွားခဲ့ပါတယ်။