စက်တင်ဘာလ(၈)ရက်နေ့က ကစားခဲ့တဲ့ ဆားဘီးယားအသင်းနဲ့ စပိန်အသင်းတို့ရဲ့ နေးရှင်းလိဂ်ပွဲစဉ်မှာ တစ်ဖက် နဲ့တစ်ဖက် ဂိုးသွင်းနိုင်ခြင်း မရှိခဲ့တာကြောင့် ဂိုးမရှိ သရေကျခဲ့ရပါတယ်။
ယူရို(၂၀၂၄)ပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ စပိန်အသင်းဟာ ဆားဘီးယားအသင်းနဲ့ပွဲစဉ်မှာ ဖိအားပေးကစားနိုင်ခဲ့ပေမယ့် ဂိုးမသွင်းနိုင် ဖြစ်ခဲ့တာကြောင့် သရေကျခဲ့ရတာပါ။
စပိန်အသင်းရဲ့ အခုပွဲစဉ်အတွက် လူစာရင်းမှာ ဒဏ်ရာပြဿနာကြောင့် မိုရာတာ မပါဝင်နိုင်ခဲ့ပေမယ့် ယူရို(၂၀၂၄)ပြိုင်ပွဲမှာ ခြေစွမ်းပြခဲ့ကြတဲ့ ကစားသမားအများစုကို အသုံးပြုလာခဲ့တာကို တွေ့ခဲ့ရပါတယ်။

စပိန်အသင်းဟာ အခုပွဲစဉ်မှာ ဂိုးရမယ့် အခွင့်အရေးကောင်းတွေ ရရှိခဲ့ပေမယ့် အသုံးမချနိုင်ခဲ့သလို ဆားဘီးယား ဂိုးသမားရက်ဂျ်ကိုဗစ်က အကောင်းဆုံးကာကွယ်မှုတွေ ပြုလုပ်နိုင်ခဲ့တာကြောင့် ပွဲအပြီးမှာ ဂိုးမရှိ သရေကျခဲ့ရတာ ဖြစ်ပါတယ်။
စပိန်အသင်းဟာ နေးရှင်းလိဂ်ပြိုင်ပွဲမှာ ဒိန်းမတ်၊ ဆားဘီးယား၊ ဆွစ်ဇာလန် အသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေခဲ့သလို အခုပွဲစဉ်မှာ သရေကျခဲ့တာကြောင့် အုပ်စုအတွင်း တတိယ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။