လီဗာပူးအသင်းရဲ့ အီဂျစ်တောင်ပံကစားသမား ဆာလက်ကို ခေါ်ယူဖို့အတွက် ပီအက်စ်ဂျီအသင်းဥက္ကဋ္ဌ အယ်ခီ လိုင်ဖီက ကစားသမားရဲ့အေးဂျင့်ဖြစ်သူနဲ့ ချိတ်ဆက်မှုတွေ ပြုလုပ်နေပါတယ်။ အသက်(၃၂)နှစ်အရွယ် ဆာလက် နဲ့ လီဗာပူးအသင်းတို့ရဲ့ စာချုပ်သက်တမ်းက အခုဘောလုံးရာသီအပြီးမှာ ကုန်ဆုံးမှာဖြစ်ပေမယ့် စာချုပ်သစ် ကိစ္စ အတွက် အဆင်မပြေ ဖြစ်နေခဲ့တာပါ။
(၂၀၁၇)ခုနှစ်မှာ လီဗာပူးအသင်းကို ပြောင်းရွှေ့လာခဲ့တဲ့ ဆာလက်ဟာ အသင်းမှာရှိနေတဲ့ (၇)နှစ်တာအတွင်း အဓိက ကစားသမားတစ်ယောက်အဖြစ် ခြေစွမ်းပြကစားနေခဲ့သူဖြစ်ပါတယ်။ ဆာလက်ဟာ ဆောက်သမ်တန် အသင်းကို (၃)ဂိုး (၂)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်အပြီးမှာ စာချုပ်သစ်ကိစ္စအတွက် လုပ်ဆောင်မှုအပေါ် စိတ်ပျက်နေတာ ကြောင့် အသင်းကနေ ထွက်ခွာဖို့ ပိုများတယ်လို့ ပြောခဲ့ပါတယ်။
အခုအချိန်မှာ ပီအက်စ်ဂျီအသင်းဟာ ဆာလက်ကိုခေါ်ယူဖို့အတွက် အသင်းဥက္ကဋ္ဌကိုယ်တိုင် ကစားသမားရဲ့ အေးဂျင့်ဖြစ်သူနဲ့ ဆွေးနွေးနေတာလည်း ဖြစ်ပါတယ်။ ဆာလက်ဟာ အခုဘောလုံးရာသီမှာ လီဗာပူးအသင်း အတွက် ပြိုင်ပွဲစုံပွဲပေါင်း (၂၀)ကစားပေးထားပြီး (၁၃)ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။