အခုနွေရာသီ အပြောင်းအရွှေ့မှာမှ ဆော်ဒီကလပ် အယ်ကွက်ဆက်အသင်းကို ပြောင်းရွှေ့ခဲ့တဲ့ ဂါဘွန်တိုက်စစ်မှူး အူဘာမီယန်က စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြောကြားခဲ့ပါတယ်။
အူဘာမီယန်ဟာ မာဆေးလ်အသင်းမှာ တစ်ရာသီကြာ ကစားခဲ့ပြီးနောက် ဆော်ဒီကလပ် အယ်ကွက်ဆက်အသင်းက ခေါ်ယူဖို့ ကမ်းလှမ်းခဲ့တာကြောင့် ပြောင်းရွှေ့ခဲ့တာပါ။
ဥရောပဘောလုံးလောကကို စွန့်ခွာခဲ့ပေမယ့် စိန်ခေါ်မှုအသစ်တွေအတွက် အဆင်သင့်ဖြစ်နေပြီး အသင်းဖော်တွေကိုလည်း အတွေ့အကြုံကောင်းတွေ မျှဝေပေးသွားမယ်လို့ အူဘာမီယန်က ပြောပါတယ်။
အခုရာသီမှာမှ ဆော်ဒီပရိုလိဂ်ကို တန်းတက်လာခဲ့တဲ့ အယ်ကွက်ဆက်အသင်းဟာ အူဘာမီယန်အပြင် ရီးရဲလ်အသင်းခေါင်းဆောင် နာချိုကိုလည်း ခေါ်ယူခဲ့တာဖြစ်ပါတယ်။
ရီးရဲလ်အသင်းကနေ ထွက်ခွာဖို့က မလွယ်ကူခဲ့ပေမယ့် အသင်းနဲ့အတူ အောင်မြင်မှုတွေရခဲ့သလိုမျိုး အယ်ကွက်ဆက်အသင်းမှာလည်း စွမ်းဆောင်ပေးသွားမယ်လို့ နာချိုက ပြောကြားခဲ့ပါတယ်။