ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့တဲ့ Butterfly and SISB Thailand Table Tennis Open ပြိုင်ပွဲမှာ မြန်မာနိုင်ငံစားပွဲတင်တင်းနစ်အားကစားအဖွဲ့က ရွှေတံဆိပ် ၁ ခုနဲ့ ငွေတံဆိပ် ၂ ခု ဆွတ်ခူးရရှိခဲ့တယ်လို့ သိရပါတယ်၊၊

အဲဒီစားပွဲတင် တင်းနစ်ပြိုင်ပွဲကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဇူလိုင်လ ၃၁ ရက်ကနေ ဩဂုတ်လ ၈ ရက်အထိ ကျင်းပခဲ့တာဖြစ်တယ်လို့ဆိုပါတယ်၊၊ အဲဒီပြိုင်ပွဲကို မြန်မာနိုင်ငံက စားပွဲတင် တင်းနစ်အားကစားသမား စုစုပေါင်း ၁၀ ယောက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်၊၊