ဘိုင်ယန်မြူးနစ်အသင်းရဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းဟာ တောင်ကိုရီးယားနိုင်ငံမှာ ကစားမယ့် စပါးအသင်းနဲ့ ခြေစမ်းပွဲစဉ်ကို လွဲချော်မှာဖြစ်တယ်လို့ နည်းပြကွန်ပနီက ဇူလိုင်လ(၂၂)ရက်နေ့မှာ အတည်ပြု ပြောကြားသွားခဲ့ပါတယ်။
ဟယ်ရီကိန်းဟာ ယူရို(၂၀၂၄)ပြိုင်ပွဲမှာ အင်္ဂလန်အသင်းနဲ့အတူ ဗိုလ်လုပွဲစဉ်အထိ ကစားနိုင်ခဲ့ပေမယ့် နောက်ကျောဒဏ်ရာရရှိခဲ့တာကြောင့် အနားယူဖို့ လိုအပ်နေတာပါ။
ဟယ်ရီကိန်း၊ အူပါမီကာနိုနဲ့ ကိုးမန်းတို့ဟာ ဩဂုတ်လ(၃)ရက်မှာ ကစားမယ့် စပါးအသင်းနဲ့ပွဲစဉ်ကိုလွဲချော်မှာဖြစ်ပေမယ့် ဩဂုတ်လ(၁၀)ရက်မှာ စပါးအသင်းနဲ့ထပ်ကစားမယ့် ရာသီကြိုခြေစမ်းပွဲစဉ်မှာတော့ ပါဝင်လာနိုင်ဖွယ်ရှိတယ်လို့ နည်းပြကွန်ပနီက ပြောကြားခဲ့ပါတယ်။
ဟယ်ရီကိန်းဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ ဖလား တစ်လုံးမှ မရခဲ့ပေ မယ့် အသင်းမှာကစားတဲ့ ပထမဆုံးဘောလုံးရာသီမှာတင် ပြိုင်ပွဲစုံ(၄၅)ပွဲမှာ (၄၄)ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ ပါတယ်။