စပါးအသင်းရဲ့ ဥရုဂွေးကွင်းလယ်လူ ဘန်တန်ကာကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(အက်ဖ်အေ)က (၇)ပွဲပယ် ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။ တောင်ကိုရီးယားနိုင်ငံသားတွေနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးခဲ့တဲ့ ဘန်တန်ကာရဲ့ စကားက လူမျိုးရေးခွဲခြားသလို ဖြစ်နေခဲ့တာကြောင့် အခုလို ပွဲပယ်ခံလိုက်ရတာပါ။ ဘန်တန်ကာရဲ့မှတ်ချက်ပေး စကားကို တောင်ကိုရီးယားနိုင်ငံသားတွေက ဝေဖန်ခဲ့ကြသလို အက်ဖ်အေကလည်း ဘန်တန်ကာဟာ နိုင်ငံတစ် နိုင်ငံအပေါ် ခွဲခြားတဲ့အသုံးအနှုန်းမျိုး အသုံးပြု ပြောကြားခဲ့တာကြောင့် အခုလို ပြစ်ဒဏ်ချမှတ်လိုက်တာဖြစ်တယ် လို့ တရားဝင်ကြေညာခဲ့တာဖြစ်ပါတယ်။ (၇)ပွဲပယ် ပြစ်ဒဏ်အပြင် ဒဏ်ကြေးငွေ ပေါင်(၁)သိန်းကိုလည်း ဘန်တန် ကာက ပေးဆောင်သွားရမှာဖြစ်ပါတယ်။ ဘန်တန်ကာကျခံရမယ့် (၇)ပွဲပယ်ပြစ်ဒဏ်က အင်္ဂလန်ပြည်တွင်း ပြိုင်ပွဲတွေအတွက်ပဲဖြစ်တာကြောင့် ဥရောပပွဲစဉ်တွေကိုတော့ ဘန်တန်ကာအနေနဲ့ ကစားလို့ရမှာဖြစ်ပါတယ်။
မက်ဆီနှင့် နှိုင်းယှဉ်ခြင်းမရှိကြောင်း ယာမယ် ပြော
ဘာစီလိုနာအသင်းရဲ့ ဆယ်ကျော်သက် တောင်ပံကစားသမား လာမိုင်း ယာမယ်က သူ့ရဲ့ ကိုယ်ပိုင်ပုံစံနဲ့ ကွင်း အတွင်းခြေစွမ်းပြနိုင်ဖို့ကိုသာ အာရုံစိုက်ထားပြီး...
ပိုမိုဖတ်ရှုရန်