ကွင်းလယ်ကစားသမား အိုလီဗာ စကစ်ပ်အတွက် လက်စတာအသင်းရဲ့ကမ်းလှမ်းမှုကို စပါးအသင်းဘက်က လက်ခံလိုက်ပြီ ဖြစ်ပါတယ်။
အသက် ၂၃ နှစ်အရွယ် စကစ်ပ်ဟာ စပါးအကယ်ဒမီထွက် ကစားသမားဖြစ်ပြီး လက်စတာအသင်းဘက်က ပေါင် သန်း ၂၀ လောက်နဲ့ ကမ်းလှမ်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
သတင်းတွေ အရ စကစ်ပ်ဟာ ဩဂုတ်လ ၁၉ ရက်နေ့မှာ လက်စတာအသင်းနဲ့ဆေးစစ်မှုတွေ ပြုလုပ်မှာဖြစ်ပြီး ဆေးစစ်မှု အောင်မြင်ခဲ့မယ်ဆိုရင် စာချုပ် ချုပ်ဆိုမှာဖြစ်ပါတယ်။
အင်္ဂလန်ယူ-၂၁ လက်ရွေးစင်ဟောင်းလည်းဖြစ်တဲ့ စကစ်ပ် ဟာ ၂၀၁၈ အောက်တိုဘာမှာ စပါးအသင်းအတွက် ပထမဆုံးအကြိမ်ပွဲ ထွက်ခွင့်ရခဲ့ပြီးနောက် ပြီးခဲ့တဲ့ဘောလုံး ရာသီက ပရီးမီးယားလိဂ်ပွဲ ၂၁ ပွဲအပါအဝင် စပါးအသင်းနဲ့အတူ ပရီးမီးယားလိဂ် ၇၇ ပွဲအထိ ကစားထားပေးခဲ့ တာဖြစ်ပါတယ်။
ပရီးမီးယားလိဂ်တန်းတက် လက်စတာအသင်းရဲ့ အခုနွေရာသီ ၅ ယောက်မြောက် ကစားသမား သစ်ဖြစ်လာတော့မယ့် စကစ်ပ်ဟာ စပါးအသင်းဖော်ဟောင်းဖြစ်တဲ့ ဟယ်ရီဝင့်ခ်နဲ့ လက်စတာအသင်းမှာ ပြန်လည် ပေါင်းစည်းနိုင်တော့မှာလည်း ဖြစ်ပါတယ်။