ယူရို(၂၀၂၄)ပြိုင်ပွဲမှာ (၁၆)သင်းရှုံးထွက်အဆင့်ကနေ ထွက်ခဲ့ရပေမယ့် အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ကြတဲ့ ဂျော်ဂျီယာအသင်းသားတွေဟာ ဂျော်ဂျီယာနိုင်ငံကို ဇူလိုင်လ(၂)ရက်နေ့က ပြန်လည်ရောက်ရှိလာခဲ့ကြရာမှာ ပရိသတ်တွေက ဝမ်းသာအားရ ကြိုဆိုခဲ့ကြပါတယ်။

ဂျော်ဂျီယာအသင်းဟာ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ယူရိုပြိုင်ပွဲရဲ့ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပေမယ့်လည်း စပိန်အသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ (၄)ဂိုး၊ (၁)ဂိုးနဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့တာပါ။

အခုယူရိုပြိုင်ပွဲက ဂျော်ဂျီယာအသင်းရဲ့ သမိုင်းမှာ ပထမ ဆုံးအကြိမ် ကစားခွင့်ရခဲ့တာဖြစ်သလို ပြိုင်ပွဲဝင်အသင်းတွေထဲ အနိမ့်ဆုံးအသင်းအဖြစ် သတ်မှတ်ခံခဲ့ရတာဖြစ် ပါတယ်။
ဒါပေမဲ့ ဂျော်ဂျီယာအသင်းက (၁၆)သင်းရှုံးထွက် အဆင့်ထိရောက်အောင် ကစားနိုင်ခဲ့တာကြောင့် သမိုင်းဝင်အောင်ပွဲအတွက် ပရိသတ်တွေက အခုလိုမျိုး ဝမ်းသာအားရ ကြိုဆိုခဲ့ကြတာဖြစ်ပါတယ်။