ပရီးမီးယားလိဂ်ကလပ် ချယ်လ်ဆီးအသင်းဟာ အက်သလက်တီကိုအသင်းရဲ့ ပေါ်တူဂီတိုက်စစ်မှူး ဂျာအိုဖီးလစ် ကို ခေါ်ယူဖို့အတွက် သဘောတူညီမှုရခဲ့ပြီလို့ ဩဂုတ်လ(၁၉)ရက်နေ့မှာ ထွက်ပေါ်လာတဲ့သတင်းတွေအရ သိရပါတယ်။
ဂျာအိုဖီးလစ်ဟာ ချယ်လ်ဆီးအသင်းမှာ အငှားနဲ့ရာသီဝက်ကစားခဲ့ဖူးသလို နည်းပြမာရက်စကာကလည်း အသင်းရဲ့တိုက်စစ်ကို ဖြည့်တင်းဖို့ ဆန္ဒရှိနေတာကြောင့် ခေါ်ယူဖို့ လုပ်ဆောင်ခဲ့တာပါ။
ချယ်လ်ဆီးအသင်းဟာ အက်သလက်တီကိုအသင်းရဲ့ လူငယ်တိုက်စစ်မှူး အိုမိုရိုဒီရွန်ကို ခေါ်ယူဖို့ လက်လျော့ခဲ့ပြီးနောက် အသင်းမှာ အငှားနဲ့လာကစားခဲ့ဖူးတဲ့ ဂျာအိုဖီးလစ်ကို ခေါ်ဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ဂျာအိုဖီးလစ် ကို (၆)နှစ်စာချုပ်အပြင် ကြိုက်နှစ်သက်ရင် (၁)နှစ်သက်တမ်းတိုးခွင့်ကိုလည်း စာချုပ်ထဲမှာ ထည့်သွင်းချုပ်ဆိုသွားမှာဖြစ်တယ်လို့သိရပြီး ပြောင်းရွှေ့ကြေးကိုတော့ တရားဝင် မသိရသေးကြောင်း သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။
ချယ်လ်ဆီးအသင်းဟာ ဂျာအိုဖီးလစ်ကိုခေါ်ယူဖို့ သဘောတူညီမှုရခဲ့ပြီးနောက် အသင်းရဲ့ကွင်းလယ်လူ ဂယ်လက်ဟာကလည်း အက်သလက်တီကိုအသင်းကို အပြီးသတ်ပြောင်းရွှေ့သွားမှာဖြစ်တယ်လို့လည်း သတင်း တွေက ဆက်လက်ဖော်ပြခဲ့ကြပါတယ်။