စီးရီးအေကလပ် နာပိုလီအသင်းရဲ့ စိတ်ဝင်စားမှုကို ခံနေရပေမယ့် တောင်ပံတိုက်စစ်ကစားသမား ဂါနာချိုရဲ့ အနာဂတ်က မန်ယူအသင်းမှာပဲ ဆက်ရှိနေမှာဖြစ်တယ်လို့ မန်ယူနည်းပြ အမ်မိုရင်က ပြောကြားလိုက်ပါတယ်။ နာပိုလီအသင်းဟာ တောင်ပံကစားသမား ကာဗရာရှခတ်လီယာကို ပီအက်စ်ဂျီအသင်းကို ရောင်းချဖို့ပြင်ဆင် နေပြီး ဂါနာချိုကို အစားထိုးခေါ်ယူဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။
မန်ယူအသင်းရဲ့ လက်ရှိဘဏ္ဍာရေး အခြေအနေကြောင့်လည်း ဂါနာချိုကို ရောင်းချဖွယ်ရှိတယ်လို့ သတင်းတွေ ထွက်နေပါတယ်။ ဒါပေမဲ့ နည်းပြ အမ်မိုရင်ကတော့ ဂါနာချိုက လေ့ကျင့်ရေးကွင်းမှာ တိုးတက်မှုတွေရှိလာသလို အရည်အသွေးရှိတဲ့ လူငယ် ကစားသမားလည်း ဖြစ်တာကြောင့် အသင်းက ဆက်ထိန်းထားမှာဖြစ်တယ်လို့ ဆောက်သမ်တန်အသင်းနဲ့ ပွဲမတိုင်ခင်မှာ ပြောကြားသွားခဲ့ပါတယ်။
အသက် ၂၀ အရွယ် ဂါနာချိုဟာ ပြီးခဲ့တဲ့လက မန်စီးတီးအသင်းကို အနိုင်ရတဲ့ပွဲမှာ ကစားသမားစာရင်းကနေ ချန်လှပ်ခြင်းခံခဲ့ရပေမယ့် နောက်ဆုံး ကစားခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ အက်ဖ်အေဖလားပွဲစဉ်မှာတော့ ပွဲထွက် စာရင်းမှာ ပြန်လည်ပါဝင်ခွင့်ရခဲ့သလို နည်းပြအမ်မိုရင်ရဲ့ ကစားကွက်အသစ်မှာ ပိုပြီးတော့ အံဝင်လာခဲ့တာကို လည်း တွေ့ခဲ့ရပါတယ်။