ပရီးမီးယားလိဂ်ကလပ် ချယ်လ်ဆီးအသင်းဟာ အသင်းရဲ့ကွင်းလယ်လူ ဂယ်လက်ဟာကို အသင်းကြီးလူစာရင်းက ထုတ်ပယ်ခဲ့တယ်လို့ သတင်းထွက်ခဲ့တာကြောင့် ဂယ်လက်ဟာရဲ့ ချယ်လ်ဆီးကစားသမားဘဝ အနာဂတ်ကလည်း မသေမချာ ဖြစ်လာခဲ့တယ်လို့ သိရပါတယ်။
ဂယ်လက်ဟာနဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ စာချုပ်သက်တမ်းက လာမယ့် ဘောလုံးရာသီအပြီးမှာ ကုန်ဆုံးမှာဖြစ်ပေမယ့် စာချုပ်ကိစ္စ အဆင်မပြေဖြစ်နေတာကြောင့် ချယ်လ်ဆီး အသင်းက ရောင်းချဖို့ လုပ်ဆောင်နေတာပါ။
ဂယ်လက်ဟာအနေနဲ့ နည်းပြသစ် မာရက်စကာလက်ထက်မှာ ပွဲထွက်ခွင့်ရဖို့ မသေချာကြောင်း ချယ်လ်ဆီးအသင်းက အသိပေးခဲ့ပေမယ့် ကစားသမားဘက်က အသင်းက ထွက်ခွာဖို့ ငြင်းဆန်ထားပြီး အသင်းမှာ ဆက်နေဖို့အတွက်ပဲ လုပ်ဆောင်နေခဲ့ပါတယ်။

အခုအချိန်မှာတော့ ချယ်လ်ဆီးအသင်းဟာ အသင်းနဲ့ အဆင်မပြေဖြစ်နေတဲ့ ဂယ်လက်ဟာကို စီနီယာအသင်းလူစာရင်းကနေ ထုတ်ပယ်ခဲ့တယ်လို့လည်း သတင်းတွေက ဖော်ပြလာခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းနဲ့ အဆင်မပြေဖြစ်နေတဲ့ ဂယ်လက်ဟာကို စပိန်ကလပ် အက်သလက်တီကိုအသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။