ဩဂုတ်လ(၁)ရက်နေ့ မနက်အစောပိုင်းက ကစားခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ လီဗာပူးအသင်းတို့ရဲ့ခြေစမ်းပွဲစဉ်မှာ လီဗာပူးအသင်းက (၂)ဂိုး၊(၁)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။
အခုပွဲက ခြေစမ်းပွဲဖြစ်ပေမဲ့ နှစ်သင်းလုံးက အကြိတ်အနယ် ကစားခဲ့တာကို တွေ့ခဲ့ရပြီး လီဗာပူးအသင်းက အနိုင်ရအောင် ကစားနိုင်ခဲ့တာပါ။
နှစ်သင်းစလုံးဟာ အခုပွဲစဉ်မှာ အသင်းရဲ့ အဓိက ကစားသမားအများစုကို အသုံးပြုခဲ့တာကို တွေ့ခဲ့ရသလို အာဆင်နယ်အသင်းက ဖိအားပေး ကစားနိုင်ခဲ့ပေမယ့် ရလာခဲ့တဲ့အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့တာကြောင့် ပွဲအပြီးမှာရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

လီဗာပူးအသင်းအတွက် ဂိုးတွေကို ဆာလတ်၊ ကာဗယ်ဟိုတို့က သွင်းယူပေးခဲ့တာဖြစ်ပြီး အာဆင်နယ်အသင်း အတွက် တစ်လုံးတည်းသော ချေပဂိုးကို ဟာဗက်က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ နည်းပြ အာနီစလော့လက်ထက် ရာသီကြိုခြေစမ်း ပွဲစဉ်(၂)ပွဲ ကစားပြီးချိန်မှာ (၂)ပွဲလုံးကို အနိုင်ရရှိခဲ့တာပါ။ လာမယ့် ဩဂုတ်လ(၄)ရက်မှာတော့ မန်ယူအသင်းနဲ့ ခြေစမ်းပွဲ ကစားသွားမှာ ဖြစ်ပါတယ်။