အခုနွေရာသီအပြောင်းအရွှေ့မှာ ကစားသမားသစ်တွေခေါ်ယူပြီး အင်အားဖြည့်တင်းနေတဲ့ ဗီလာအသင်းဟာ ကိုလံဘတ်ခရူးအသင်းနဲ့ ကစားခဲ့တဲ့ခြေစမ်းပွဲစဉ်မှာ (၄)ဂိုး၊ (၁)ဂိုးနဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့ပါတယ်။
ဗီလာအသင်းဟာ ခြေစမ်းပွဲဖြစ်တာကြောင့် အသင်းရဲ့အဓိကကစားသမားတွေ မပါဝင်ခဲ့တာကိုတွေ့ခဲ့ရပြီး ကစားသမားသစ်တချို့နဲ့ လူငယ်ကစားသမားတွေကိုသာ အသုံးပြုလာခဲ့တာပါ။

ဗီလာအသင်းရဲ့ပွဲထွက်စာရင်းမှာ စီနီယာကစားသမားတွေ ဖြစ်ကြတဲ့ နောက်ခံလူ တောရက်စ်နဲ့ တောင်ပံကစားသမား ဘိုင်လီတို့ ပါဝင်လာခဲ့သလို အခုဘောလုံးရာသီမှာမှ ဗီလာအသင်းကို ရောက်လာခဲ့တဲ့ ဘာရန်နက်ချီယာ၊ အိုင်လင်းဂျူနီယာနဲ့ အာချာတို့ကိုလည်း တွေ့ခဲ့ရပါတယ်။
ကိုလံဘတ်ခရူးအသင်းဟာ အခုပွဲစဉ်မှာ ဗီလာအသင်းကို အသာစီးနဲ့ကစားသွားခဲ့ပြီး သွင်းဂိုး(၄)ဂိုးအထိ သွင်းယူ နိုင်ခဲ့သလို ပထမပိုင်းမှာသွင်းယူခဲ့တဲ့ အာချာရဲ့ဂိုးကို ခွင့်ပြုခဲ့ရတာကြောင့်သာ ချေပဂိုး တစ်ဂိုး ပြန်ပေးခဲ့ရတာ ဖြစ်ပါတယ်။