ကမ္ဘာ့ဖလားနဲ့ ကိုပါအမေရိကဖလားတို့ရဲ့ လက်ရှိချန်ပီယံ အာဂျင်တီးနားအသင်းဟာ ချီလီအသင်းနဲ့ကစားမယ့် (၂၀၂၆)ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်အတွက် လေ့ကျင့်မှုတွေကို စက်တင်ဘာလ(၃)ရက်နေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။

နိုင်ငံပွဲစဉ်တွေ ကစားဖို့ရှိတာကြောင့် အာဂျင်တီးနားအသင်းသားတွေဟာ လက်ရွေးစင်အသင်းနဲ့ပူးပေါင်းခဲ့ကြတာ ဖြစ်ပြီး အခုအချိန်မှာတော့ အသင်းနဲ့အတူ ပထမဆုံးလေ့ကျင့်မှုကို စတင်ပြုလုပ်ခဲ့ကြတာပါ။

ကမ္ဘာ့ဖလားခြေစစ် ပွဲစဉ်အတွက် အာဂျင်တီးနားအသင်းရဲ့လူစာရင်းမှာ ပြီးခဲ့တဲ့(၂၀၂၄)ကိုပါအမေရိကဖလား ဗိုလ်လုပွဲစဉ်မှာ ကတည်း က ဒဏ်ရာရခဲ့တဲ့ အသင်းခေါင်းဆောင် မက်ဆီ မပါဝင်နိုင်ခဲ့တာကို တွေ့ရပါတယ်။

အသင်းရဲ့ ဝါရင့် အဓိကကစား သမားတစ်ယောက်ဖြစ်တဲ့ ဒီမာရီယာကလည်း မကြာသေးခင်ကမှ လက်ရွေးစင်ဘဝကနေ အနားယူခဲ့တာကြောင့် အာဂျင်တီးနားအသင်းအတွက် အားနည်းချက် ဖြစ်ခဲ့ရပါတယ်။
အာဂျင်တီးနားအသင်းဟာ (၂၀၂၆)ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်တွေအဖြစ် လာမယ့်စက်တင်ဘာလ(၅)ရက်နေ့မှာ ချီလီအသင်း၊ စက်တင်ဘာလ(၁၀)ရက်နေ့မှာ ကိုလံဘီယာအသင်းတို့နဲ့ ကစားသွားရမှာဖြစ်ပါတယ်။