လီဗာပူးအသင်းဟာ ဂျူဗင်တပ်အသင်းရဲ့ အီတလီတောင်ပံကစားသမား ချီယေဆာကို ခေါ်ယူဖို့အတွက် သဘော တူညီမှုရခဲ့ပြီလို့ ဩဂုတ်လ(၂၈)ရက်နေ့က ဖော်ပြခဲ့တဲ့သတင်းတွေအရ သိရပါတယ်။
ချီယေဆာဟာ ဂျူဗင်တပ် နည်းပြ သီယာဂိုမော့တာ လက်ထက်မှာ အသင်းရဲ့လူစာရင်းကနေ ထုတ်ပယ်ခံထားရသလို ဂျူဗင်တပ်အသင်းက ရောင်းချမယ့်စာရင်းထဲ ပါဝင်နေခဲ့တာပါ။
နည်းပြအာနီစလော့ရဲ့ လီဗာပူးအသင်းဟာ ချီယေဆာကို ခေါ်ယူဖို့ အတွက် ဂျူဗင်တပ်အသင်းကို အပိုဆုကြေးအပါအဝင် ပေါင်(၁၂)သန်းခွဲ ပေးချေသွားရမှာဖြစ်တယ်လို့ သတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
(၂၀၂၀)ပြည့်နှစ်မှာ ဖီအိုရင်တီးနားအသင်းကနေ ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့လာခဲ့တဲ့ ချီယေဆာဟာ အသင်းကို စရောက်ခါစမှာ ခြေစွမ်းပြနိုင်ခဲ့ပေမယ့် နောက်ပိုင်းနှစ်တွေမှာ ဒဏ်ရာပြဿနာကြောင့် ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ ဗလင်စီယာအသင်းရဲ့ ဂိုးသမားဖြစ်တဲ့ မာမာဒက်ရှ်ဗီလီကို ခေါ်ယူခဲ့ပြီးနောက် ချီယေဆာကို ခေါ်ယူဖို့ သဘောတူညီမှုရခဲ့တာကြောင့် ချီယေဆာက အခုဘောလုံးရာသီရဲ့ ဒုတိယမြောက်ခေါ်ယူမှုလည်း ဖြစ်လာမှာဖြစ်ပါတယ်။