စက်တင်ဘာလ(၁၇)ရက်နေ့က ကစားခဲ့တဲ့ ဒိုင်နမိုဇာဂရက်အသင်းနဲ့ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အသင်းအတွက် (၄)ဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် အင်္ဂလန်တိုက်စစ်မှူး ဟယ်ရီကိန်းဟာ ချန်ပီယံလိဂ်မှတ်တမ်းတစ်ခုကို တင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ဒိုင်နမိုဇာဂရက်အသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ တစ်ပွဲလုံးဖိအားပေးကစား နိုင်ခဲ့သလို ပွဲအပြီးမှာ (၉)ဂိုး၊ (၂)ဂိုးနဲ့ ဂိုးပြတ် အနိုင်ရရှိခဲ့တာပါ။ ဒီပွဲစဉ်မှာ တစ်ယောက်တည်း (၄)ဂိုး သွင်းယူနိုင်ခဲ့ တဲ့ ဘိုင်ယန်မြူးနစ်အသင်းရဲ့တိုက်စစ်မှူး ဟယ်ရီကိန်းဟာ ကစားသမားဘဝမှာ ချန်ပီယံလိဂ်သွင်းဂိုး (၃၃)ဂိုး လည်း ပြည့်မြောက်သွားခဲ့ပြီ ဖြစ်ပါတယ်။
ဒါက အင်္ဂလန်ကစားသမားတွေထဲ ချန်ပီယံလိဂ်သွင်းဂိုးအများဆုံးဖြစ်တဲ့ မန်ယူ တိုက်စစ်မှူးဟောင်း ရွန်းနီရဲ့ ဂိုး(၃၀)စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ (၂၀၂၃)ခုနှစ် ကမှ ဘိုင်ယန်မြူးနစ်အသင်းကို ရောက်ရှိလာခဲ့တဲ့ ဟယ်ရီကိန်းဟာ ဒိုင်နမိုဇာဂရက်အသင်းနဲ့ပွဲစဉ်မှာ (၄)ဂိုး သွင်း ယူနိုင်ခဲ့တာကြောင့် ဘိုင်ယန်မြူးနစ်ကစားသမားဘဝမှာ ပြိုင်ပွဲစုံ ပွဲပေါင်း(၅၀) ကစားထားပြီးချိန်မှာ (၅၃)ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။