ရွှေဘဏ်အသင်းနဲ့ MH.Dream ဖူဆယ်အသင်းတို့ရဲ့ ချစ်ကြည်ရေးခြေစမ်းကစားပွဲကို စက်တင်ဘာလ၂၂ရက်နေ့က မြောက်ဒဂုံမြို့နယ်၊(၄၈)ရပ်ကွက်မှာရှိတဲ့ Dream Paradise ဖူဆယ်ကွင်းမှာ ကျင်းပခဲ့ပါတယ်။
အဲဒီချစ်ကြည်ရေးခြေစမ်းပွဲကိုတော့ ရွှေဘဏ်ကဦးဆောင်ပြုလုပ်တာဖြစ်ပြီး ရွှေဘဏ်ဝန်ထမ်းတွေအတွက် ပျော်ပွဲရွှင်ပွဲအဖြစ်ကျင်းပပေးတာဖြစ်တယ်လို့ဆိုပါတယ်။


ရွှေဘဏ်ဖူဆယ်အသင်းနဲ့ MH.Dream ဖူဆယ်အသင်းတို့ ခြေစမ်းပွဲကစားကြတာဟာ ပထမအကြိမ်ဖြစ်ပြီး နောက်ထပ်လည်းဒီထက်ပိုကောင်းတဲ့ပွဲစဉ်လေးတွေကို ကျင်းပပေးသွားဖို့ စီစဉ်နေတယ်လို့သိရပါတယ်။ MH.Dream ဖူဆယ်အသင်းကိုရွှေဘဏ်ကစပွန်ဆာအဖြစ် ထောက်ပံ့ပေးနေတာဖြစ်ပြီး ပြီးခဲ့တဲ့ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲမှာ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်ကစားခဲ့ရတဲ့ အသင်းဖြစ်ပါတယ်။
နောက်ထပ်လည်း ရွှေဘဏ်ရဲ့ထောက်ပံ့မှုနဲ့အတူ MH.Dream ဖူဆယ်အသင်းအနေနဲ့ အကောင်းဆုံးဖြစ်အောင် ပြင်ဆင်နေတယ်လို့လည်း MH.Dreamဖူ ဆယ်အသင်းရဲ့ တွဲဖက်အသင်းပိုင်ရှင် ကိုမာန်ဟိန်းက ပြောပါတယ်။
ချစ်ကြည်ရေးခြေစမ်းပွဲအပြီးမှာ ဘောလုံးကန်ခဲ့ကြတဲ့နှစ်ဖက်အသင်းက အားကစားသမားတွေကို အသင်းတာဝန်ရှိသူတွေကဂုဏ်ပြုလက်မှတ်နဲ့ အမှတ်တရလက်ဆောင်ပစ္စည်းတွေ ပေးအပ်ခဲ့ကြတယ်လို့သိရပါတယ်။