ကမ္ဘောဒီးယားနိုင်ငံမှာ ဖေဖေါ်ဝါရီ(၁၁)ရက်က ကျင်းပခဲ့တဲ့ ခွန်ခမာလက်ဝှေ့ပြိုင်ပွဲမှာ ONE Champion ship ကစားသမား ခမာနာမည်ကျော်ဖိုက်တာ ChanRothana ကို မြန်မာ့ရိုးရာ လက်ဝှေ့ဖိုက်တာ ရဲလင်းဦးက အလဲထိုးအနိုင်ယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီပြိုင်ပွဲမှာ ရဲလင်းဦးနဲ့ ခမာဖိုက်တာ Chan Rothana တို့က (၉)မိနစ်(၁)ချီ အလဲထိုးစနစ်နဲ့ ယှဉ်ပြိုင်ထိုး သတ်ခဲ့ကြတာပါ။ ပြိုင်ပွဲမှာ မြန်မာ့ရိုးရာ လက်ဝှေ့ဖိုက်တာ ရဲလင်းဦးက ပွဲချိန်(၃) မိနစ်ကျော်အချိန်မှာ ညာလက်သီးထိုးချက်နဲ့ အလဲထိုး ပွဲသိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။ခမာဖိုက်တာကို အနိုင်ရယူနိုင်ခဲ့တဲ့ ရဲလင်းဦးဟာ အသက်(၂၁)နှစ်အရွယ် စစ်ကိုင်းတိုင်း ဆားတောင်နယ်သား ဖြစ်ပါတယ်။

ရိုးရာလက်ဝှေ့ပြိုင်ပွဲ (၁၀)ပွဲ ထိုးသတ်ခဲ့ရာမှာ ရှုံးပွဲမရှိသေးတဲ့ ရဲလင်းဦးဟာ အခုခွန်ခမာလက်ဝှေ့ပွဲမှာ လည်း (၂)ပွဲထိုး (၁)ပွဲရှုံး မှတ်တမ်းရှိထားသူဖြစ်တယ်လို့ မြန်မာ့ရိုးရာလက်ဝှေ့အသင်းကနေ သိရပါတယ်။