ဘုန်းမောက်အသင်းနဲ့ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးနောက် မန်ယူအသင်းဟာ ခက်ခဲတဲ့ အခိုက်အတန့်နဲ့ ရင်ဆိုင်နေရတယ်လို့ နည်းပြအမ်မိုရင်က ဝန်ခံသွားခဲ့ပါတယ်။

မန်ယူအသင်းဟာ ဘုန်းမောက် အသင်းကို အိမ်ကွင်းမှာကစားခဲ့ရပေမယ့်လည်း ပွဲချိန်အတွင်းကစားပုံဆိုးရွားခဲ့သလို (၃)ဂိုးပြတ်ရှုံးနိမ့်ခဲ့ရတာပါ။ ဘုန်းမောက်အသင်းကို အိမ်ကွင်းမှာတင် (၃)ဂိုးပြတ်ရှုံးနိမ့်ခဲ့တာက မန်ယူအသင်းလို အသင်းကြီးတစ်သင်းအတွက် မဖြစ်သင့်သလို ဒီပွဲရလဒ်ကြောင့် မန်ယူအသင်းဟာ ခက်ခဲတဲ့အခိုက်အတန့်နဲ့ ရင်ဆိုင်နေရပြီလို့ မန်ယူအသင်းရဲ့ နည်းပြအမ်မိုရင်က ပြောပါတယ်။

အခုအချိန်မှာ အသင်းရဲ့ရလဒ်တွေက ဆိုးရွားလွန်းနေပေမယ့် လာမယ့်ပွဲစဉ် တွေမှာ ရလဒ်ကောင်းတွေ ပြန်ရဖို့အတွက် ကြိုးစားသွားမယ်လို့ နည်းပြအမ်မိုရင်က ဆက်လက်ပြောကြားခဲ့ပါ သေးတယ်။ မန်ယူအသင်းဟာ ဘုန်းမောက်အသင်း နဲ့ပွဲစဉ်မှာ ရှုံးနိမ့်ခဲ့တာကြောင့် ပရီးမီးယားလိဂ်(၁၇)ပွဲကစားပြီးချိန်မှာ (၆)ပွဲနိုင်၊ (၄)ပွဲသရေ၊ (၇)ပွဲရှုံး၊ ရမှတ်(၂၂) မှတ်နဲ့အတူ အမှတ်ပေးဇယားရဲ့ အဆင့်(၁၃)နေရာမှာ ရပ်တည်နေပါတယ်။