ရှယ်ယာရှင်သစ်ဖြစ်လာခဲ့တဲ့ ဆာဂျင်ရက်ဖ်ကလစ်လက်ထက်မှာ မန်ယူအသင်းဟာ ကွင်းသစ်ဆောက်ဖို့အတွက် ဆုံးဖြတ်ချက်ချလိုက်ပြီပဲဖြစ်ပါတယ်။ မန်ယူအသင်းဟာ ဆာဂျင်ရက်ဖ်ကလစ်လက်ထက်မှာ အသင်းကို ပြုပြင်ပြောင်းလဲဖို့ကြိုးစားနေကြတာဖြစ်ပြီး ပရိသတ်(၁)သိန်းကျော်ဆန်တဲ့ ကွင်းသစ်ကြီးကို တည်ဆောက်ဖို့အတွက် ဆုံးဖြတ်ခဲ့ကြတာပါ။
မန်ယူအသင်းဟာ အိုးထရက်ဖို့ဒ်အသင်းကို ပြုပြင်ပြောင်းလဲဖို့အတွက် ပရိသတ်တွေနဲ့ အရင်ဆုံးဆွေးနွေးခဲ့တာဖြစ်ပြီး အခုအချိန်မှာတော့ လက်ရှိအိမ်ကွင်းကို ဖြိုဖျက်ကာ အစကနေပြန်ဆောက်ဖို့ အတွက် ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

မန်ယူအသင်းရဲ့အိမ်ကွင်းဟာ ပရိသတ်(၁)သိန်းဆံ့မယ့် ကွင်းကြီးဖြစ်လာမှာဖြစ်ပြီး (၂၀၂၄)နှစ်ကုန်မှစတင်ကာ လာမယ့်(၆)နှစ်အတွင်း ဆောက်လုပ်သွားမယ်လို့ သတင်းတွေရဲ့ဖော်ပြချက်အရသိရပါတယ်။ ဒီလိုတည်ဆောက်ရာမှာ ပေါင်(၂)ဘီလီယံခန့် အသုံးပြုဖို့လိုအပ်တာကြောင့်လည်း အသင်းရဲ့ ကွင်းအမည်ကို ရောင်းချဖို့အတွက် မန်ယူအသင်းက လုပ်ဆောင်နေပါတယ်။