ဝက်စ်ဟမ်းအသင်းဟာ ဝုဗ်အသင်းရဲ့ အသက်(၂၇)နှစ်အရွယ် အသင်းခေါင်းဆောင် ကေးမန်းကို ခေါ်ယူဖို့အတွက် နီးစပ်နေပြီလို့ သတင်းတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။

လာမယ့်ဘောလုံးရာသီအတွက် ကြိုတင်ပြင်ဆင်တဲ့ အနေနဲ့ လူခေါ်ယူမှုတွေပြုလုပ်နေတဲ့ ဝက်စ်ဟမ်းအသင်းဟာ အသင်းကိုဦးဆောင်နိုင်ဖို့အတွက် ဝုဗ်အသင်းရဲ့ အသင်းခေါင်းဆောင် ကေးမန်းကို ခေါ်ယူဖို့ ကြိုးစားနေခဲ့တာပါ။

ဝက်စ်ဟမ်းအသင်းဟာ ကေးမန်းကိုခေါ်ယူဖို့ ပေါင်သန်း(၄၀)ကို ပြောင်းရွှေ့ကြေးအဖြစ် ဝုဗ်အသင်းကို ပေးချေသွားရမယ်လို့ သိရပါတယ်။ ဝုဗ်အသင်းဟာ ပြီးခဲ့တဲ့လက ကေးမန်းကို ခေါ်ယူဖို့အတွက် ဝက်စ်ဟမ်းအသင်းရဲ့ ပေါင်(၂၅)သန်းတန် ကမ်းလှမ်းချက်ကို ငြင်းဆန် ခဲ့ပေမယ့်အခုအချိန်မှာတော့ ကမ်းလှမ်းချက်ကို လက်ခံဖို့ နီးစပ်နေတာဖြစ်ပါတယ်။

ဝက်စ်ဟမ်းအသင်းဟာ နည်းပြဒေးဗစ်မိုရက်စ်ကို ပြီးခဲ့တဲ့ ရာသီကုန်မှာ ထုတ်ပယ်ပြီးနောက် ဝုဗ်နည်းပြဟောင်း လိုပက်တီဂူကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တာကြောင့် ကေးမန်းဟာ ဝက်စ်ဟမ်းအသင်းမှာ နည်းပြဟောင်းနဲ့အတူ ပြန်လည်လက်တွဲသွားရမှာ ဖြစ်ပါတယ်။