ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ကျင်းပမယ့် ၂၀၂၄ မသန်စွမ်းအိုလံပစ်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုလံဘီယာ မသန်စွမ်းအိုလံပစ်အသင်းဟာ ဩဂုတ်လ ၂၂ ရက်နေ့က ပဲရစ်မြို့ကို ရောက်ရှိလာခဲ့ပါတယ်။
ကိုလံဘီယာ မသန်စွမ်း အိုလံပစ်အသင်းကို ပြိုင်ပွဲကျင်းပရေး ဝန်ထမ်းတွေက ကြိုဆိုခဲ့ကြပြီး လိုအပ်တာတွေကို ကူညီ ပေးခဲ့ ကြပါတယ်။
မသန်စွမ်းအိုလံပစ်ပြိုင်ပွဲကျင်းပရေး အဖွဲ့နဲ့ လက်တွဲလုပ်ဆောင်နေတဲ့ Air France ဘက်ကလည်း မသန်စွမ်းအိုလံပစ်ပြိုင်ပွဲဝင်တွေအတွက် လိုအပ်တဲ့ ဘီးတပ်ကုလားထိုင်အပါအဝင် အကူအညီပစ္စည်းတွေကို ပြိုင်ပွဲဝင်တွေဆီ အရောက်ပို့ပေးဖို့ အထူးစီမံထားတယ်လို့ သိရပါတယ်။
ပဲရစ်မြို့ဟာ ၂၀၂၄ ပဲရစ်အိုလံပစ်ပြိုင်ပွဲကို အောင်မြင်စွာ လက်ခံကျင်းပခဲ့ပြီးနောက် နိုင်ငံရဲ့ဂုဏ်ကို ထပ်မံမြှင့်တင်နိုင်ဖို့အတွက် မသန်စွမ်းအိုလံပစ်ပြိုင်ပွဲကို လည်း အကောင်းမွန်ဆုံးဖြစ်အောင် ပြင်ဆင်နေတာ ဖြစ်ပါတယ်။
ဩဂုတ်လ ၂၈ ရက်နေ့ကနေ စက်တင်ဘာ ၈ ရက်နေ့အထိ ကျင်းပမယ့် မသန်စွမ်းအိုလံပစ်ပြိုင်ပွဲကိုလည်း အကောင်းဆုံး ကျင်းပနိုင်မယ်လို့ ပြိုင်ပွဲကျင်းပရေး အဖွဲ့က ယုံကြည်နေပါတယ်။
၂၀၂၄ ပဲရစ်အိုလံပစ်ပြိုင်ပွဲမှာ ၂၀၂၀ မသန်စွမ်းအိုလံပစ်ပြိုင်ပွဲတုန်းက ကျင်းပခဲ့တဲ့ အားကစားနည်း ၂၂ မျိုးစလုံးကို ထည့်သွင်းကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။