အခုနွေရာသီအပြောင်းအရွှေ့မှာ ကလပ်အသင်းသစ်ရှာမရဘဲ အသင်းလက်မဲ့ဖြစ်နေတဲ့ နယ်သာလန်တိုက်စစ်မှူး ဒီပေးဟာ ဘရာဇီးကလပ် ကိုရင်သီယန်အသင်းကို ပြောင်းရွှေ့ဖို့အတွက် သဘောတူညီမှုရခဲ့တယ်လို့ သိရပါတယ်။
အသက် ၃၀ အရွယ် ဒီပေးဟာ ဆော်ပေါ်လိုအခြေစိုက် ကိုရင်သီယန်အသင်းနဲ့ ၂ နှစ်စာချုပ်ချုပ်ဆိုဖို့ကို သဘောတူညီမှုရခဲ့တာဖြစ်ပြီး လာမယ့်တစ်ပတ်ထဲမှာ ကိုရင်သီယန်ပရိသတ်တွေနဲ့ မိတ်ဆက်သွားဖို့ စီစဉ်ထားတယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။
၂၀၂၁ ကနေ ၂၀၂၃ အထိ ဘာစီလိုနာမှာကစားခဲ့တဲ့ ဒီပေးဟာ ၁၃ ဂိုးသွင်းယူခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဘောလုံးရာသီကတော့ အက်သလက်တီကိုအသင်းဆီမှာ ကစားခဲ့ပြီး အသင်းအတွက် ၁၂ ပွဲမှာ ၉ ဂိုးသာသွင်းယူနိုင်ခဲ့ပြီးနောက် ရာသီအကုန်မှာ အသင်းနဲ့ လမ်းခွဲခဲ့တာဖြစ်ပါတယ်။
ဒီပေးဟာ နယ်သာလန်လက်ရွေးစင်အသင်းအတွက် ၉၈ ပွဲမှာ ၄၆ ဂိုးအထိ သွင်းယူထားပြီး နယ်သာလန်လက်ရွေးစင်အသင်းသမိုင်းမှာ ဗန်ပါစီပြီးနောက် ဒုတိယမြောက်သွင်းဂိုးအများဆုံးကစားသမား အဖြစ်လည်း မှတ်တမ်းဝင်ထားပါတယ်။