လာမယ့်ရာသီ စီးရီအေကို ကိုမိုအသင်းနည်းပြချုပ်အဖြစ် စတင်ဖြတ်သန်းရတော့မှာဖြစ်လို့ ပျော်ရွှင်မိသလို ဂုဏ်လည်းယူတယ်လို့ နည်းပြ ဖာဘရီဂတ်စ်က ပြောကြားလိုက်ပါတယ်။
အသက် ၃၇ နှစ်အရွယ် ဖာဘရီဂတ်စ်ဟာ ပြီးခဲ့တဲ့ရာသီက နိုဝင်ဘာလနဲ့ ဒီဇင်ဘာလအတွင်း ကိုမိုအသင်း ယာယီနည်းပြအဖြစ် ၅ ပွဲ တာဝန်ယူပေးခဲ့ဖူးတာဖြစ်ပြီး အခုချိန်မှာတော့ နည်းပြချုပ်အဖြစ် တာဝန်ယူခွင့်ရတော့မှာဖြစ်ပါတယ်။
ဒါဟာ ဖာဘရီဂတ်စ်အတွက်တော့ အသင်းတစ်သင်းကို နည်းပြချုပ်အဖြစ် ပထမဆုံးအကြိမ် တာဝန်ယူခွင့်ရခဲ့တာလည်းဖြစ်ပါတယ်။
အခုလိုမျိုး အသင်းကို နည်းပြချုပ်အဖြစ် တာဝန်ယူခွင့်ပေးခဲ့တဲ့အတွက် အသင်းပိုင်ရှင်တွေနဲ့ တာဝန်ရှိ သူတွေကို ကျေးဇူးတင်တယ်လို့ ဖာဘရီဂတ်စ်ကပြောသွားခဲ့ပါတယ်။
ဖာဘရီဂတ်စ်ဟာ ကစားသမား ဘဝအဖြစ် တဲ့ အာဆင်နယ်၊ ချဲလ်ဆီး၊ ဘာစီလိုနာအသင်းတွေမှာ ကစားခဲ့ဖူးပြီး အဲဒီအသင်းတွေမှာ နည်းပြ ကောင်းများစွာနဲ့ လက်တွဲခဲ့ဖူးတာဖြစ်ပါတယ်။
နည်းပြကောင်းတွေဆီက လေ့လာသင်ယူထားသမျှကို ကိုမိုအသင်းမှာ အသုံးချခွင့် ရဖို့ မျှော်လင့်ထားတယ်လို့ ဖာဘရီဂတ်စ်ကပြောခဲ့ပါတယ်။