စပိန် ဖော်မြူလာဝမ်းဒရိုင်ဗာ ကားလို့စ်စိန့်ဇ်ဟာ အခုရာသီအကုန်မှာ ဖာရာရီအသင်းကနေ ထွက်ခွာမှာဖြစ်ပြီး လာမယ့်ရာသီအတွက် ဝီလျံအသင်းကို ပြောင်းရွှေ့ယှဉ်ပြိုင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
ဖာရာရီအသင်းဟာ လာမယ့်ရာသီမှာ ကားလို့စ်စိန့်ဇ်ရဲ့နေရာကို ဗြိတိန်ဒရိုင်ဗာ ဟာမီလ်တန်နဲ့ အစားထိုးဖို့အတွက် ကြိုတင်ပြင်ဆင်မှု တွေပြုလုပ်ထားပြီးနောက် ကားလို့စ်စိန့်ဇ်ကလည်း ဝီလျံအသင်းဆီကို ၂ နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရခဲ့တာဖြစ်ပါတယ်။
အသက် ၂၉ နှစ်အရွယ် ကားလို့စ်စိန့်ဇ်ဟာ ဖော်မြူလာဝမ်းကစားသမားဘဝ ဂရင်းပရီနိုင်ပွဲ ၃ ပွဲ ရထားခဲ့သလို ဆုပေးပွဲစင်မြင့်ပေါ် ၂၃ ကြိမ်အထိ တက်နိုင်ခဲ့တာဖြစ်ပါတယ်။

အခုနှစ် ဖော်မြူလာဝမ်းရာသီ မှာလည်း ကားလို့စ်စိန့်ဇ်ဟာ ဩစတြေးလျဂရင်းပရီမှာ အနိုင်ရထားခဲ့သလို အခုရာသီချန်ပီယံဆု အမှတ်ပေး ဇယားမှာလည်း ရမှတ်ပေါင်း ၁၆၂ မှတ်နဲ့ အဆင့် ၅ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
လာမယ့် ၂၀၂၅ ဖော်မြူလာဝမ်းရာသီမှာ ကားလို့စိန့်ဇ်ဟာ ဝီလျံအသင်းဖော်အဖြစ် ထိုင်းဒရိုင်ဗာ အယ်လ်ဘွန်နဲ့အတူ ပြိုင်ပွဲ ဝင်ပြိုင်ရတော့မှာလည်း ဖြစ်ပါတယ်။