ပြီးခဲ့တဲ့တစ်ပတ်က ယှဉ်ပြိုင်ခဲ့တဲ့ ဂျပန်ဂရင်းပရီပြိုင်ပွဲမှာ ပြိုင်ကွင်းထဲကို နောက်ကျပြီးမှရောက်လာခဲ့တဲ့ ဝီလျံ အသင်းဒရိုင်ဗာ ကားလိုစ်စိန့်ဇ်ကို ဒဏ်ကြေး ယူရို ၁ သောင်းပေးဆောင်ဖို ဖော်မြူလာဝမ်းက ပြစ်ဒဏ်ချမှတ် လိုက်ပါတယ်။ ပြိုင်ကွင်းအတွင်း နိုင်ငံတော်သီချင်းကို သီဆိုနေချိန် ကားလိုစ်စိန့်ဇ်က ၁၀ စက္ကန့်လောက်နောက် ကျပြီးမှာ ရောက်လာခဲ့တာဖြစ်ပါတယ်။ ကားလိုစ်စိန့်ဇ်ဘက်ကတော့ သူ့ရဲ့ အစာအိမ်မှာ ပြဿနာရှိနေပြီး အိမ်သာသွားနေရလို အခုလိုနောက်ကျခဲ့ တယ်ဆိုတဲ့အကြောင်းကို ရှင်းပြခဲ့ပေမယ့် ဖော်မြူလာဝမ်းဘက်ကတော့ အခုလို မျိုး ဒဏ်ကြေးပေးဆောင်ဖို ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

စက္ကန့်အနည်းငယ်လောက် နောက်ကျခဲ့တာကို ဒဏ်ကြေးပေးဆောင်ဖို ပြစ်ဒဏ်ချမှတ်ခံရခြင်းအပေါ် အခုတစ်ပတ်ကျင်းပမယ့် ဘာရိန်းဂရင်းပရီပြိုင်ပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ ကားလိုစ်စိန့်ဇ်က မေးခွန်းထုတ်သွားခဲ့ပါတယ်။ ဒီလိုမေးခွန်းထုတ်ရာမှာ ကားလိုစ်စိန့်ဇ် အနေနဲ့ ကြမ်းတမ်းတဲ့ စကားတွေကို သုံးနှုန်းသွားခဲ့တဲ့အတွက်လည်း နောက်ထပ် ဒဏ်ကြေးပြစ်ဒဏ်ချမှတ် ခံရမှုနဲ့ ရင်ဆိုင်ရနိုင်တယ်လိုလည်း သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။ ကားလိုစ်စိန့်ဇ်ဟာ ပြီးခဲ့တဲ့ ဂျပန်ဂရင်းပရီမှာ အဆင့် ၁၄ နေရာမှာသာရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။