မိုတိုဂျီပီ ကမ္ဘာ့ချန်ပီယံ စပိန်နိုင်ငံသား ဂျော့ချ်မာတင်ဟာ အခုရာသီ မိုတိုဂျီပီပွဲစဉ် ပထမဆုံးယှဉ်ပြိုင်မှုအဖြစ် ကာတာမိုတိုဂျီပီ ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်တယ်လို သိရပါတယ်။ အက်ပရီလီယာအသင်းသား မာတင်ဟာ ရာသီအစ အကြိုစမ်းသပ်လေ့ကျင့်မှုမှာ မတော်တဆမှုနဲ့ ကြုံတွေ့ခဲ့ရပြီး ဒဏ်ရာရခဲ့တာကြောင့် အခုနှစ် မိုတိုဂျီပီ ရာသီအစပွဲစဉ် ၃ ပွဲကို လွဲချော်ခဲ့ရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီက ပရာမက်ရေးဆင်း အသင်းနဲ့ အတူ မိုတိုဂျီပီကမ္ဘာ့ချန်ပီယံဆုကို ရခဲ့တဲ့ မာတင်ဟာ ကာတာဂျီပီ ပြိုင်ပွဲအတွက် ဆေးစစ်မှုတွေအားလုံးအောင်မြင် ခဲ့ပြီးနောက် ပြိုင်ပွဲတွေကို ပြန်လည်ယှဉ်ပြိုင်နိုင်တော့မှာ ဖြစ်ပါ တယ်။ ဒဏ်ရာကြောင့်အနားယူနေခဲ့ရတဲ့ ၂ လ အတွင်း ခက်ခက်ခဲခဲဖြတ်သန်းခဲ့ရသလို ပြိုင်ပွဲတွေပြန်လည်ယှဉ် ပြိုင်နိုင်တော့မှာဖြစ်တာကြောင့် ပျော်ရွှင်မိတယ် လို အသက် ၂၇ နှစ်အရွယ် မာတင်က ပြောသွားခဲ့ပါတယ်။

ပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ဖို ဆေးစစ်ချက်တွေ အောင်မြင် ခဲ့ပေမယ့် ရာနှုန်းပြည့် ကြံ့ခိုင်မှုတော့ မရသေးဘူးလိုလည်း မာတင်က ဝန်ခံသွားခဲ့ပါတယ်။ မာတင်ဟာ မိုတိုဂျီပီ ကမ္ဘာ့ချန်ပီယံဆုကို ကာကွယ်နိုင်ဖိုအတွက် ရာသီအဖွင့် ၃ ပွဲ မှာ နိုင်ပွဲကိုယ်စီ ရယူထားခဲ့ကြတဲ့ ဒူကာတီအသင်းရဲ့ မားကွက်ဇ် ညီအစ်ကို ၂ ယောက်နဲ့ အကြိတ်အနယ် ယှဉ်ပြိုင် ရတော့မှာဖြစ်ပါတယ်။