ကရင်နှစ်သစ်ကူးပွဲတော် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကြီးကို ရန်ကုန်မြို့ တိုင်းရင်းသား ကျေးရွာမှာ ဒီဇင်ဘာ ၃၀ ရက်မှာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။

အဲဒီ ပြိုင်ပွဲကို ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်ကျင်းပရေး ဦးစီးကော်မတီ နဲ့ မြန်မာ့ရိုးရာ လက်ဝှေ့ အဖွဲ့ချုပ်တို့က ပူးပေါင်းစီစဉ်ကျင်းပပြုလုပ်တာ ဖြစ်ပါတယ်။
မြန်မာ့လက်ဝှေ့ မျိုးဆက်သစ်များပါဝင်တဲ့ အထူးစိန်ခေါ်ပွဲကြီးအဖြစ် မောင်ဇော် (ဟံသာဝတီ) နဲ့ နေလ အောင် (Smart Fight)၊ ဟံသာဝတီ (Warrior) နဲ့ မျိုးဇော်ထွန်း (လှိုင်သာယာ)၊ ညီရဲခန့် (YFC) နဲ့ ထွန်း လင်း (အဖြူရောင်သွေးသစ်) နဲ့ အောင်ကိုလက် (RAY) နဲ့ ဇင်ဘို (ကျားဘုရင်) တို့ရဲ့ ပွဲစဉ်တွေအပါအဝင် သုံးချီအထူးပွဲတွေ နဲ့ မျိုးဆက်သစ်ပွဲတွေ ပါဝင်တယ်လို့ သိရပါတယ်။
ပွဲစဉ်တွေကိုတော့ SKYNET SPORTS X (Channel – 43) ရုပ်သံလိုင်းကနေ ဒီဇင်ဘာ ၃၀ ရက်၊ နေ့လယ် ၁ နာရီကစပြီး တိုက်ရိုက် LIVE ထုတ်လွှင့်ပြသပေးသွားမယ်လို့လည်း သိရပါတယ်။