တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် ၂၀၂၅ ခုနှစ် စက်တင်ဘာလမှာကျင်းပမယ့် ကမ္ဘာ့နဂါးလှေပြိုင်ပွဲကို မြန်မာ လှေလှော်အားကစားအဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ကနေ သိရပါတယ်၊၊
အဲဒီပြိုင်ပွဲမှာ မီတာ ၂၀၀၊ မီတာ ၅၀၀ နဲ့ မီတာ ၂၀၀၀ အပါအဝင် ပြိုင်ပွဲအမျိုးအစား ၆ မျိုးထည့်သွင်း ကျင်းပ သွားမှာဖြစ်ပြီး ပြိုင်ပွဲအတွက် လက်ရည်စစ်ပြိုင်ပွဲ ၂ ဆင့်ကိုလည်း ကျင်းပမှာ ဖြစ်တယ်လို့ ဆိုပါတယ်၊၊
အဲဒီလက်ရည်စစ်ပြိုင်ပွဲရဲ့ ပထမအဆင့်လက်ရည်စစ်ပြိုင်ပွဲကို မြန်မာလှေလှော်အားကစားအဖွဲ့က ဝင်ရောက် ယှဉ်ပြိုင်မှာဖြစ်ပြီး ပြိုင်ပွဲရဲ့ စံချိန်အကောင်းဆုံးအသင်းနှစ်သင်းက တိုက်ရိုက်လက်ရည်စစ်ပွဲ အောင်မြင်မှာဖြစ်ကာ ကမ္ဘာ့နဂါးလှေပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမှာ ဖြစ်တယ်လို့ ဆိုပါတယ်၊၊
ဒါ့အပြင် ကျန်တဲ့ပြိုင်ပွဲဝင်နိုင်ငံအသင်းတွေကတော့ ဖိလစ်ပိုင်နိုင်ငံမှာပြုလုပ်မယ့် ဒုတိယလက်ရည်စစ်ပြိုင်ပွဲကို ဆက်လက်ယှဉ်ပြိုင်သွားရာမှာဖြစ်ပါတယ်။ အဲဒီပြိုင်ပွဲဝင်အသင်းတွေကနေ အသင်း ၁၀ သင်းကို ရွေးချယ်ပြီး စုစုပေါင်း အသင်း ၁၂ သင်းနဲ့ ကမ္ဘာ့နဂါးလှေပြိုင်ပွဲကို ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်၊၊