ကမ္ဘာ့အဆင့်-၁ စစ်တုရင်ချန်ပီယံ နော်ဝေနိုင်ငံသား ကားလ်ဆန်က လူငယ်တွေကို အခွင့်အရေးပေးလိုတဲ့အတွက် အခုနှစ် ကမ္ဘာ့စစ်တုရင်ချန်ပီယံရှစ်ပြိုင်ပွဲကို ဝင်ပြိုင်မှာမဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။

၂၀၂၂ ခုနစ်မှာ ကမ္ဘာ့စစ်တုရင်ချန်ပီယံဆုကို ရယူနိုင်ခဲ့ပြီးနောက် ပြိုင်ပွဲအပေါ် စိတ်အားထက်သန်မှု ပျောက်ဆုံးနေတာကြောင့် ချန်ပီယံဆုကို ကာကွယ်တော့မှာ မဟုတ်ဘူးလို့ ကားလ်ဆန်က ပြောကြားခဲ့ပြီးနောက် ၂၀၂၃ ပြိုင်ပွဲမှာ တရုတ် နိုင်ငံသား လီရန်က ကမ္ဘာ့ချန်ပီယံဆုရခဲ့သလို ၂၀၂၄ ပြိုင်ပွဲမှာ အိန္ဒိယ ဆယ်ကျော်သက် ကစားသမား ဒွန်မာရာဂျူ က ကမ္ဘာ့ချန်ပီယံဆုကို ဆက်ခံရရှိခဲ့ပါတယ်။

လက်ရှိကမ္ဘာ့အဆင့် ထိပ်ဆုံး ၁၀ ယောက်စာရင်းမှာ ပါဝင်နေတဲ့ ၅ ယောက်က ၂၀၀၀ ပြည့်နှစ်ကမှ မွေးဖွားခဲ့ကြသူတွေဖြစ်တာကြောင့် အသက် ၃၄ နှစ်အရွယ် ကားလ်ဆန်က အခုနှစ် ကမ္ဘာ့စစ်တုရင်ချန်ပီယံရှစ်ပြိုင်ပွဲမှာလည်း လူငယ်တွေကို အခွင့်အရေးထပ်ပေးဖို့ စဉ်းစားနေတာ ဖြစ်ပါ တယ်။

အခုနှစ်ပြိုင်ပွဲကို ဝင်ပြိုင်မှာလားဆိုတဲ့ မေးမြန်းမှုအပေါ် ကားလ်ဆန်က အခုချိန်မှာ ဝင်ပြိုင်ဖို့ မစဉ်းစား သေးဘူးလို့ ပြန်လည်ဖြေကြားသွားခဲ့ပါတယ်။ ကားလ်ဆန်ဟာ ကမ္ဘာ့စစ်တုရင်ချန်ပီယံဆုကို ၅ ကြိမ်အထိ ရရှိထားသူ ဖြစ်ပါတယ်။