ပရီးမီးယားလိဂ်ကလပ် မန်ယူအသင်းဟာ (၂၀၂၄)ခုနှစ်ရဲ့ အစောပိုင်း(၃)လအတွင်းမှာ ပေါင်(၇၁ ဒသမ ၄)သန်း အရှုံးပေါ်ခဲ့တယ်လို့ သိရပါတယ်။ မန်ယူအသင်းဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက ရလဒ်ပိုင်းဆိုးရွားခဲ့သလို ပရီးမီးယားလိဂ်မှာ အဆင့်(၈)နေရာသာ ရပ်တည်နိုင်ခဲ့တာပါ။
ပြီးခဲ့တဲ့ရာသီက အသင်းရဲ့ ရပ်တည်မှုအဆင့်က မန်ယူအသင်းသမိုင်း တစ်လျှောက် အနိမ့်ဆုံးအဆင့်ဖြစ်ခဲ့သလို ပရီးမီးယားလိဂ်ပြိုင်ပွဲက အဆင့်ရပ်တည်မှုအပေါ် မူတည်ပြီး ငွေကြေးခွဲဝေ ပေးတာကြောင့်လည်း ဝင်ငွေရရှိမှု နည်းသွားခဲ့တာဖြစ်ပါတယ်။
မန်ယူအသင်းဟာ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ အရှုံးပေါ်ခဲ့လို့ ကလပ်အသင်းရဲ့ဝန်ထမ်း(၂၅၀)ခန့်ကိုလည်း လျှော့ချခဲ့တယ်လို့ သတင်း တွေရဲ့ဖော်ပြချက်အရ သိရပါတယ်။
အရှုံးပေါ်နေတဲ့ မန်ယူအသင်းဟာ လာမယ့်ရာသီမှာ အသင်းရဲ့လက်မှတ်ခကို (၅)ရာခိုင်နှုန်းထိ တိုးမြှင့်သွားမယ်လို့ ဇူလိုင်လ(၁၀)ရက်နေ့က တရားဝင် ထုတ်ပြန်သွားခဲ့ပါတယ်။