(၂၀၂၅)ခုနှစ် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အုပ်စုအဆင့်မဲခွဲပွဲကို ဒီဇင်ဘာလ(၅)ရက်နေ့က အမေရိကန်နိုင်ငံ၊ မိုင်ယာမီမြို့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

လာမယ့်နှစ် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ပြီးခဲ့တဲ့နှစ်ပြိုင်ပွဲတွေနဲ့မတူဘဲ အသင်းပေါင်း(၃၂)သင်းအထိ ပါဝင်ယှဉ်ပြိုင်သွားကြမှာပါ။ ပါဝင်ယှဉ်ပြိုင်မယ့်အသင်းတွေဟာ (၄)သင်းပါတဲ့အုပ်စု အဆင့်ပွဲစဉ်တွေကို တစ်ကျော့စီ ကစားသွားရမှာဖြစ်ပြီး အုပ်စုထိပ်ဆုံး(၂)သင်းက နောက်တစ်ဆင့်ကို တက်ရောက် ခွင့်ရမှာဖြစ်ပါတယ်။

အခုနှစ်မဲခွဲမှုမှာ လက်ရှိချန်ပီယံ မန်စီးတီးအသင်းက မော်ရိုကိုကလပ် ဝိုင်ဒက်၊ UAE ကလပ် အယ်အိန်း၊ အီတလီကလပ် ဂျူဗင်တပ်အသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ် အသင်းကတော့ ဆော်ဒီကလပ် အယ်ဟီလယ်၊ မက္ကဆီကိုကလပ် ပါချူကာ၊ ဩစတြီးယားကလပ် ဆဲလ်ဘတ် အသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေခဲ့ပါတယ်။

(၂၀၂၁)ခုနှစ်ရဲ့ ကလပ်ကမ္ဘာ့ဖလားချန်ပီယံ ချယ်လ်ဆီး အသင်းက ဘရာဇီးကလပ် ဖလာမင်ဂို၊ တူနီးရှားကလပ် အက်စ်ပဲရန်စီ၊ မက္ကဆီကိုကလပ် ကလပ်လီယွန်တို့နဲ့ တွေ့ဆုံနေခဲ့ပါတယ်။ (၂၀၂၅)ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို လာမယ့်နှစ် ဇွန်လ(၁၅)ရက်နေ့ကနေ ဇူလိုင်လ (၁၃)ရက်နေ့အထိ ကစားသွားမှာ ဖြစ်ပါတယ်။