ဩစတြီးယားနိုင်ငံမှာ ဩဂုတ်လ ၁၈ ရက်နေ့က ကျင်းပခဲ့တဲ့ ဩစတြီးယား မိုတိုဂျီပီပြိုင်ပွဲမှာ ဒူကာတီအသင်းရဲ့ အီတလီနိုင်ငံသား ဘက်နာရီယာ အနိုင်ရခဲ့ပါတယ်။
ဘက်နာရီယာဟာ အကြိုစမ်းသပ်မှုမှာ ဒူကာတီအသင်းဖော် စပိန်နိုင်ငံသား ဂျော့ချ်မာတင်ကို အသာမရခဲ့ပေမယ့် ပြိုင်ပွဲယှဉ်ပြိုင်ချိန်မှာတော့ အကောင်းဆုံးစွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ပြီး ပြိုင်ပွဲဦးဆောင်သူနေရာကို ရောက်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။
ပြိုင်ပွဲပြီးဆုံးဖို့ ကွင်း ၂၁ ပတ်အလိုမှာပဲ ဘက်နာရီယာက ဦးဆောင်သူနေရာကို ရယူနိုင်ခဲ့တာဖြစ်ပြီး ပြိုင်ပွဲပြီးဆုံးတဲ့အထိ ထိပ်ဆုံးနေရာကို ဆက်ထိန်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပြိုင်ပွဲပြီးဆုံးချိန်မှာတော့ ဘက်နာရီယာက ပထမရခဲ့ပြီး မာတင်က ဒုတိယနဲ့ ဒူကာတီ အသင်းသားပဲဖြစ်တဲ့ ဘက်စတီယာနီနီက တတိယရခဲ့ပါတယ်။
အခုနှစ် ဩစတြီးယားမိုတိုဂျီပီ ပြိုင်ပွဲမှာ ထိပ်ဆုံး ၃ ယောက်နေရာကို ဒူကာတီအသင်းသားတွေကပဲ ကြီးစိုးသွားခဲ့တာ ဖြစ်ပါတယ်။
အခုနှစ် မိုတိုဂျီပီရာသီရဲ့ ပွဲစဉ် ၁၁ ခု ယှဉ်ပြိုင်အပြီးမှာ ပွဲစဉ် ၇ ပွဲအထိ အနိုင်ရထားတဲ့ ဘက်နာရီယာက ရမှတ်စုစုပေါင်း ၂၇၅ မှတ်နဲ့ ထိပ်ဆုံးကနေ ဆက်လက်ဦးဆောင်နေပြီး စပိန်နိုင်ငံသား မာတင်က ရမှတ် ၂၇၀ နဲ့ ဒုတိယနေရာမှာရပ်တည်နေလို့ ချန်ပီယံဆု အတွက် အကြိတ်အနယ်ဆက်ရှိနေတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။