ကိုပါအမေရိက ဖလာပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဥရုဂွေး-ကိုလံဘီယာပွဲစဉ်အပြီး ဖြစ်ရပ်နဲ့ ပတ်သက် လို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်သွားမယ်လို့ တောင်အမေရိကဘောလုံးအဖွဲ့ချုပ်က ကြေညာလိုက်ပါတယ်။
ကိုလံဘီယာအသင်းက ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရတဲ့ပွဲအပြီး ကိုလံဘီယာအသင်းပရိသတ်တွေနဲ့ ဥရုဂွေးကစားသမား တွေအကြား ပွဲကြည့်စင်ပေါ်မှာ ခိုက်ရန်ဖြစ်ပွားခဲ့တာပါ။
ရုပ်သံမှတ်တမ်းတွေအရ ဒီဖြစ်ရပ်မှာ ဥရုဂွေးတိုက်စစ်မှူး နူနက်ဇ်နဲ့ နောက်ခံလူ အာရူဂျိုတို့ ပါဝင်ခဲ့တာကိုတွေ့ရပြီး ဥရုဂွေးအသင်းခေါင်းဆောင် ဂျီမီနက်ဇ်ကတော့ ဥရုဂွေး အသင်းသားတွေဟာ ပွဲကြည့်စင်ပေါ်က မိသားစုဝင်တွေကို ကာကွယ်ဖို့အတွက် ကြိုးစားခဲ့တာသာ ဖြစ်တယ်လို့ ဆိုပါတယ်။
ပွဲအပြီး ကွင်းအတွင်းမှာလည်း ဥရုဂွေးအသင်းနဲ့ ကိုလံဘီယာအသင်း တာဝန်ရှိသူတွေ ပါဝင်တဲ့ ရန်ပွဲ ဖြစ်ပွားခဲ့သေးပြီး အဲဒီကနေတစ်ဆင့် ရန်ပွဲက ပွဲကြည့်စင်ပေါ်ကို ကူးစက်သွားခဲ့တာပါ။
လက်ရှိအချိန်မှာ ဒီဖြစ် ရပ်နဲ့ပတ်သက်လို့ အရေးယူမှု မရှိသေးပေမယ့် ဖြစ်ရပ်အသေးစိတ်နဲ့ပတ်သက်တဲ့ ပွဲအပြီး အစီရင်ခံစာကို ပြန်လည်ကြည့်ရှုပြီးနောက် စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ တောင်အမေရိကဘောလုံးအဖွဲ့ချုပ်ရဲ့ ကြေညာ ချက်မှာ ရေးသားထားပါတယ်။