ဇွန်လ(၂၅)ရက်နေ့က ကစားခဲ့တဲ့ နယ်သာလန်အသင်းနဲ့ အုပ်စုနောက်ဆုံးပွဲစဉ်မှာ (၃)ဂိုး၊ (၂)ဂိုးနဲ့အနိုင်ရပြီးနောက် အုပ်စုပထမနေရာနဲ့ တစ်ဆင့်တက်ခဲ့တဲ့အတွက် ပျော်ရွှင်မိတယ်လို့ ဩစတြီးယားနည်းပြ ရန်းနစ်က ပြောပါတယ်။
ဩစတြီးယားအသင်းဟာ ယူရို(၂၀၂၄)ပြိုင်ပွဲမှာ ပြင်သစ်၊ နယ်သာလန်၊ ပိုလန်အသင်းတို့နဲ့ တစ်အုပ်စုတည်းကျခဲ့ တာကြောင့် ခက်ခဲခဲ့ရပေမယ့် အုပ်စုပထမနေရာနဲ့ နောက်တစ်ဆင့်တက်နိုင်ခဲ့တာပါ။
ယူရို(၂၀၂၄)ပြိုင်ပွဲရဲ့ အခက်ခဲဆုံးဖြစ်တဲ့ မရဏအုပ်စုမှာ ကစားခဲ့ရပေမယ့် အုပ်စုပထမနေရာနဲ့ နောက်တစ်ဆင့်တက်နိုင်ခဲ့တာကြောင့် ပျော်ရွှင်မိတယ်လို့ နည်းပြရန်းနစ်က ပြောပါတယ်။
အခုပြိုင်ပွဲမှာ အသင်းရဲ့စွမ်းဆောင်ရည်က ပရိသတ်တွေ ကြိုတင်ခန့်မှန်းထားတာထက် ပိုကောင်းခဲ့သလို နောက်အဆင့်မှာလည်း ရလဒ်ကောင်းတွေရအောင် ကြိုးစားပြီး ကစားသွားမယ်လို့ ဆက်လက် ပြောကြားခဲ့ပါသေးတယ်။