ဖော်မြူလာဝမ်းနဲ့ ချုပ်ဆိုခဲ့တဲ့ စာချုပ်သစ်အရ အီတလီဂရင်းပရီ ပွဲစဉ်ကို မွန်ဇာမှာ ၂၀၃၁ ခုနှစ်အထိ ကျင်းပသွား မှာဖြစ်တယ်လို့ သိရပါတယ်။ ဖော်မြူလာဝမ်းပြိုင်ပွဲတွေကို လက်ခံကျင်းပခွင့်ရတဲ့ ပြိုင်ကွင်းတွေထဲမှာ သက်တမ်း အရင့်ဆုံးပြိုင်ကွင်းဖြစ်တဲ့ မွန်ဇာပြိုင်ကွင်းမှာ ဂရင်းပရီပွဲတွေကို လက်ခံကျင်းပဖို့အတွက် ၆ နှစ်သက်တမ်းရှိတဲ့ စာချုပ်သစ်ကို ချုပ်ဆိုလိုက်တာ ဖြစ်ပါတယ်။

မွန်ဇာပြိုင်ကွင်းက ဖော်မြူလာဝမ်းပြိုင်ပွဲသမိုင်းမှာ အရေးပါတဲ့ ပြိုင် ကွင်းဖြစ်သလို မွန်ဇာပြိုင်ကွင်းမှာ ကျင်းပခဲ့ တဲ့ ဂရင်းပရီ ပွဲစဉ်တိုင်းကလည်း ပရိသတ်တွေအတွက် စိတ်လှုပ်ရှား စရာ ပွဲကောင်းတွေ ဖြစ်ခဲ့ပါတယ်လို့ ဖော်မြူ လာဝမ်း အမှုဆောင်အရာရှိက ကြေညာချက်မှာ ရေးသားထားပါတယ်။

စာချုပ်သစ်ထဲမှာ ဖော်မြူလာဝမ်း ဘက်က မွန်ဇာပြိုင်ကွင်းရဲ့ ပွဲကြည့်စင်နဲ့ ပြိုင်လမ်းကြောင်းတွေကို ခေတ်မီပုံစံ အတိုင်း တိုးမြှင့်ပြင်ဆင်ပေးဖို့ကို တောင်းဆို ထားတယ်လို့ သိရပြီး မွန်ဇာပြိုင်ကွင်း တာဝန်ရှိသူတွေဘက်က လည်း တောင်းဆိုချက်ကို လက်ခံခဲ့တယ်လို့ ဆိုပါတယ်။ မွန်ဇာပြိုင်ကွင်းမှာ ကျင်းပခဲ့တဲ့ အီတလီဂရင်းပရီ ပြိုင်ပွဲ တွေမှာတော့ အီတလီအခြေစိုက် ဖာရာရီအသင်းက နိုင်ပွဲ(၂၁)ပွဲနဲ့ နိုင်ပွဲအများဆုံး ရရှိထားပါတယ်။ အခုနှစ် အီတလီဂရင်းပရီမှာလည်း ဖာရာရီအသင်းဒရိုင်ဗာ လက်စ်လားက နိုင်ပွဲရရှိထားခဲ့တာ ဖြစ်ပါတယ်။